18 C
Yangon

ကမ္မမြို့ပေါ် ရောက်ရှိနေသော စစ်တပ် စစ်ကြောင်းက ကမ္မဈေးကို ဖောက်ထွင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၊ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ကမ္မမြို့ပေါ် ရောက်ရှိနေသော စစ်တပ် စစ်ကြောင်းက ကမ္မဈေးကို ဖောက်ထွင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၊ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မကွေးတိုင်း၊ ကမ္မမြို့ပေါ် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကမ္မဈေးကို ဖောက်ထွင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေ၍ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကမ္မမြို့ပေါ် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကမ္မဈေးကို ဖောက်ထွင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေ၍ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖောက်ထွင်းခိုးယူသွားသော ပစ္စည်းအရေအတွက်နှင့် တန်ဖိုးကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကိုလည်း ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ခိုးယူသွားတဲ့ ပစ္စည်း အရေအတွက်နဲ့ တန်ဖိုးကို ကျန်တော်တို့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး။ စစ်ခွေးတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာတော့ရှိတယ်။ စစ်ခွေးသေစာရင်းကို ဆက်လက် အတည်ပြုနေပါတယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကမ္မတပ်ပေါင်းစု အနေဖြင့် မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article