ရန်ကုန်၊ ဒီဇင်ဘာ ၂၇
မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဖက္ကနားကျေးရွာကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ လှည်း၊ ဆိုင်ကယ်များနှင့် နေအိမ် ၃၇ လုံး၊ ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ ကပစ ၂၂ မှ ထွက်လာသော အင်အား ၃၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ဖက္ကနားကျေးရွာအတွင်း ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဖမ်းဆီးခံရသူတော့ မရှိဘူး။ စစ်ကြောင်းလာပြီးဆိုတာနဲ့ ပြေးကြတာဆိုတော့ တိုက်ပွဲလည်း မဖြစ်ဘူး။ ဒီတိုင်းထွက်လာပြီး ရွာကို မီးရှို့ပြီး ကပစ ၂၂ ကို ပြန်ဝင်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်၏ဖက္ကနားကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကပစ ၂၂ သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ထိုသို့ အကြမ်းဖက်စစ်တပ်၏ ကျေးရွာအတွင်း ဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ ၂၅၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar