26 C
Yangon

သထုံတွင် စစ်ကောင်စီက ဖျော်ဖြေပွဲနှင့်လောင်းကစားဝိုင်းများ လုပ်ခွင့်ပေးပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်း ဆီးနေသဖြင့် ပွဲစီစဉ်သူနှင့် ပါဝင်သူ အနုပညာရှင်များကို အရေးယူသွားမည်ဟု တော်လှန်ရေးတပ်က သတိပေး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီက ဖျော်ဖြေပွဲနှင့်လောင်းကစားဝိုင်းများ ပြုလုပ်ကာ ပေါ်တာဆွဲ ဖမ်း ဆီးနေသဖြင့် ပြည်သူများ သွားရောက်ခြင်းမပြုကြရန်နှင့် ပွဲစီစဉ်သူနှင့် ဖျော်ဖြေ သူအနုပညာရှင်များပါ အရေးယူသွားမည်ဖြစ်ကြောင်း သထုံမြို့နယ်အခြေစိုက် တော်လှန်ရေး အင် အားစုများမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သထုံမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်၊ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ – စရဖနှင့် အထွေ ထွေအုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး အာဝါဒေးလောင်းကစားဝိုင်းများကို နေပြည်တော်စစ်ရုံးချုပ်၏ လျှိုဝှက်ညွှန်ကြားချက်ဖြင့် ခွင့်ပြုပေးနေကြောင်း၊ ယင်းလောင်းကစားဝိုင်းများမှ ရရှိ သော ငွေကြေးများကို ပြည်သူ့စစ်နှင့် ပျူစောထီးအဖွဲ့ဝင်များအတွက် လစာနှင့် အသုံးစရိတ် အဖြစ် သုံးစွဲနေကြောင်း သိရှိရသည်။

ထို့အပြင် လိုအပ်လျက်ရှိသော စစ်သားအရေအတွက်ရရှိရန် လောင်းကစားဝိုင်းသို့ လာရောက်သူ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေကြောင်း၊ ဥပမာအားဖြင့်-သထုံမြို့နယ် ၊ ဆိတ်ကျွန်းကျေးရွာတွင် ပြုလုပ်သည့် ဆယ်လီဟိန်းသူအောင်နှင့် အာဝါဒေးလောင်းကစားဝိုင်းများမှ ပြန်လာသည့် လူငယ်များစွာကို ပေါ် တာဆွဲဖမ်းဆီးကာ စစ်တပ်အတွင်းဆွဲသွင်းခဲ့သည့် သာဓကရှိကြောင်း အသိပေးထားသည်။

“အခုလို ထုတ်ပြန်ပြီး မီဒီယာကနေအသိပေးရတာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ငွေကြေး ကောက် ခံတာအပြင် စစ်မှု ထမ်းဥပဒေအတွက် လိုအပ်တဲ့ စစ်သားသစ်စု ဆောင်းရေးအတွက်ပေါ် တာဆွဲဖို့ ထပ်မံညွှန်ကြားထားတယ်ဆိုတာ သိရှိရလို့ တော်လှန်ရေးအင်အားစုတွေက ပြည်သူကို အသိ ပေးတင်ပြရခြင်းဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အပျော်မက်ရာက ပြင်မရတော့မယ့် အမှား မျိုး မကျူးလွန်မိစေဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြိုတင်အသိပေးမေတ္တာရပ်ခံရခြင်းပါ” ဟု သထုံမြို့နယ်အခြေစိုက် တော်လှန်ရေး အင် အားစုများမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်တပ်က ခွင့်ပြုပေးနေသည့် ဖျော်ဖြေပွဲများ၊ လောင်းစားဝိုင်းများပြုလုပ်ပြီး လူငယ်များ ပေါ်တာဆွဲခံရခြင်းဖြစ်ပေါ်လာပါက ပွဲစီ စဉ်သူ ၊ ခွင့်ပြုမိန့်ပေးသူ နှင့် ပါဝင်ဖျော်ဖြေသော အနုပညာရှင်များပါမကျန် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article