23.9 C
Yangon

မုံရွာမြို့ပေါ်တွင် စီးပွားရေးလုပ်ငန်းရှင် မမို့မို့စန်းကို သတ်ဖြတ် ဓားပြမှုကျူးလွန်သူ ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရရှိထားပြီး တရားရုံးရမန် ၂ ပတ်ယူ စစ်ဆေးနေ

Must read

မုံရွာမြို့ပေါ်တွင် စီးပွားရေးလုပ်ငန်းရှင် မမို့မို့စန်းကို သတ်ဖြတ် ဓားပြမှုကျူးလွန်သူ ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရရှိထားပြီး တရားရုံးရမန် ၂ ပတ်ယူ စစ်ဆေးနေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် လူသတ်ဓားပြမှုကျူးလွန်သူများကို ဖမ်းဆီးထားပြီး တရားရုံးချုပ်ရက် ရီမန်ကြီး ၂ ပတ်ယူကာ စစ်ဆေးနေကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ တာဝန်ခံကို အာကူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၆ ရက် နံနက် ၇ နာရီအချိန်က မုံရွာမြို့၊ သလ္လာ အမှတ် ၄ ရပ်ကွက်၊ မိုဃ်းကောင်းလမ်း အတွင်းရှိ အသက် ၄၀ အရွယ် လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ကားယူထွက် ပြေးသွားသည့် အဖွဲ့ကို မုံရွာမြို့နယ်ပလဖ (တာဝန်ခံ) ကိုအာကူးဦးဆောင်၍ မုံရွာမြို့နယ် (ပကဖ)၊ တပ်ရင်း ၁ ရဲဘော်များနှင့် အတူပူးပေါင်းပြီး ၁၂ နာရီအတွင်း ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါ လူသတ်ဓားပြတိုက်မှုကျူးလွန်သူများမှာ ပစ်ခတ်မှုကျူးလွန်သူ အသက် ၁၈ နှစ်အရွယ် မောင်မင်းသန့် အသက် ၁၉ နှစ်အရွယ် မောင်အောင်‌လေး (ခ)ငသဲ ၊ အသက် ၂၂ နှစ် အရွယ် မောင် ခန့် ၊ အသက် ၁၇ နှစ်အရွယ် မောင်အောင်ချမ်းဇင် ၊ အသက် ၂၀ အရွယ် မဖြူဖြူငြိမ်း နှင့် အသက် ၂၀ အရွယ် မလဲ့လဲ့မွန် တို့ဖြစ်ကြောင်း သိရသည်။

“ဖြစ်ရတဲ့အကြောင်းအရင်း၊ ဘယ်လိုလုပ်ခဲ့ကြလဲဆိုတာတွေက စစ်ဆေးနေတုန်းပါ၊ ချုပ်ရီမန်ကြီး ၂ ပတ်ယူထားပါတယ်။ စစ်ဆေးပေါ်ပေါက်ချက်တွေကို မီဒီယာကနေ ချပြပေးသွားပါ့မယ်။ အခုက တော့ တရားရုံး ရီမန်ကြီး ၂ ပတ်ယူပြီး သူတို့ကို စစ်ဆေးနေတာပါ။” ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံ ရေးအဖွဲ့ – ပလဖ တာဝန်ခံကိုအာကူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ လူသတ်ဓားပြတိုက်မှုကျူးလွန်သူများအား ယနေ့ ချုပ်ရက် ရီမန်ရယူကာ စတင်စစ်ဆေးမှု ပြုလုပ်နေပြီး တရားခံများ၏ ထွက်ဆိုချက်များ ထပ်မံပေါ်ပေါက်လာပါက မုံရွာမြို့နယ်(ပလဖ) Facebook Page တွင် ဆက်လက်အသိပေးထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဓားပြတိုက်သူများ၏ ပစ်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းရှင် အသက် ၄၀ကျော် အရွယ် မမို့မို့စန်း သေဆုံးခဲ့ပြီး သားသမီး ၃ ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article