မုံရွာမြို့မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၂ ဦးကို ပစ္စတိုတစ်လက်နှင့်အတူ ဖမ်းမိ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာမြို့ထဲမှ ထွက်ပြေးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး ကို ပစ္စတိုသေနတ် တစ်လက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း Chaung U People Defense Force – CHU PDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့က မုံရွာမြို့နယ်၊ မုံရွာမြို့တွင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသည် ချောင်းဦး ပကဖ တိုက်ခိုက်ရေး တပ် CHU PDF တပ်ဖွဲ ၁ ၊ Special Force 11 LPDF ၊ ဒိတ်ဒိတ်ကြဲ LPDF အဖွဲ့တို့ လှုပ်ရှားရာ မုံရွာမြို့နယ်နှင့်ချောင်းဦးမြို့နယ်အစပ်နေရာသို့ ရောက်ရှိလာသဖြင့် ဖမ်း ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မုံရွာမြို့ထဲကပါ၊ နမခ အပိုင်နယ်ထဲကပေါ့။ မုံရွာ-ချောင်းဦးအစပ်မုံရွာမြို့နယ်ထဲမှာ မိခဲ့တာ။ ကျနော် တို့ရဲဘော်တွေက စစ်ရေးလှုပ်ရှားမှု အမြဲတမ်းပတ်သွားနေတာ။ သူတို့ထွက်ပြေးလာတဲ့အခါမှာ ရဲ ဘော် တွေက တွေ့ပြီးတော့ မသင်္ကာလို့ ဖမ်းဆီးရင်းကနေ ခွေးဖြစ်နေတာ။ အဲဒါနဲ့ ဖမ်းပြီးတော့ နယ် မြေခံမုံရွာပကဖဆီကိုပဲအပ်လိုက်တာ” ဟု Chaung U People Defense Force – CHU PDF) တပ်ဖွဲ့ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖမ်းဆီးရရှိသော စစ်ကောင်စီတပ်သား ၂ ဦးထံမှ MA-5 Pistol ၁ လက်၊ ၉ မမ ကျည် ၉ တောင့်၊ 380 Bullet ၁ တောင့် ၊ Pistol အိတ် ၁ ခု နှင့် ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ နယ်မြေခံဖြစ်သော မုံရွာမြိုနယ် ပကဖ ထံသို့ စစ်ကောင်စီတပ်သား ၂ ဦးကို ကျန်းမာရေးကောင်း မွန်စွာဖြင့် စစ်ကောင်စီတပ်သား၂ ဦးပါရှိသော mobile ဖုန်း ၁ လုံးနှင့် အတူအပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နောက်ဆက်တွဲ ဘယ်ကတပ်၊ဘာညာဆိုတာ မုံရွာပကဖကိုချိတ်ဆက်လိုက်တာ ပိုအဆင်ပြေမယ်။ နောက်ဆက်တွဲအချက်အလက်ဖော်ထုတ်လို့ရအောင် သူတို့ပါလာတဲ့ ဖုန်းနဲ့အတူ စစ်ကောင်စီတပ် သား ၂ ဦးကို မုံရွာပကဖဆီအပ်လိုက်တယ်။ လက်နက်ခဲယမ်းကတော့ ပူးပေါင်းအဖွဲ့ ၂ ဖွဲ့က ထိန်း သိမ်းထားတယ်။ တွေ့တဲ့အချိန်မှာ ပစ်ခတ်တာမျိုးမဖြစ်ခဲ့ဘူး။ သူတို့ထွက်ပြေးဖို့ချိတ်ဆက်တဲ့အဖွဲ့နဲ့ အဆက်အသွယ်မရတာလို့တော့ပြောတယ်၊ ဒါကလည်း စစ်ဆေးကြည့်မှ သိရမယ်။ သူတို့အသွင်ယူ တာလား၊ ဘာလားမသိရဘူး။ သူတို့ပြေတာကတော့ သူတို့မူရင်းချိတ်ဆက်ထားတဲ့အဖွဲ့နဲ့ ဖုန်းခေါ်မရ တာလို့ ပြောတယ်။ ဒါကတော့ အသေးစိတ်စစ်ဆေးတဲ့အဖွဲ့မှပဲ သိရမှာ၊ ဒါကမခိုင်လုံလို့ ကျနော်တို့ မထုတ်ပြန်တာ။ ပစ္စတိုသေနတ်ကလည်း ဘယ်လိုပါလာလဲ မသိရဘူး။ တပ်သားဆိုတာကလည်း သူတို့ထွက်ဆိုချက်အရပြောတာ၊ ကျနော်တို့ကတော့ သူတို့ထွက်ဆိုချက်ကို အတည်ယူလို့ ခက်ခဲ တယ်။ နောက်ဆက်တွဲကိစ္စနဲ့ပတ်သက်လို့ကတော့ ကျနော်တို့အတည်ပြုပေးလို့မရဘူး။ မုံရွာပကဖ ပဲ သိရမှာပါ” ဟု Chaung U People Defense Force – CHU PDF) တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသည် ဒီဇင်ဘာလ ၂၀ ရက်နေ့က တပ်မ ၃၃ မှ သံပြား ကာ ကား ၆ စီးဖြင့် အင်းတော်မြို့သို့ စစ်ကူသွားရန် မုံရွာမြို့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ မုံရွာ မြို့ သို့ ရောက်ရှိပြီး နောက်တနေ့တွင် တပ်ရေးဗိုလ်ကြီးကိုင်ဆောင်သော MA 5 Pistol ကို နှင့် ကျည် ဆံများကို ယူဆောင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရန် ထွက်ပြေး လာခဲ့ခြင်းဖြစ်ပြီး ဖုန်းအဆက်အသွယ်မရသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်တွေ့ရှိကာ ထိန်း သိမ်းစစ်ဆေးခံ ရခြင်းဖြစ်ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။