လက်ပံတောင်းတောင်ဒေသတွင် “Airbus: End investment in AVIC” ခေါင်းစဥ်နှင့် လူထုသပိတ်ချီတက်
လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ပြည်သူများအပေါ် အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်များနှင့် မြို့ပြမျပေါ်အထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်တားဆီးပေးရန်၊ လူ့အသက်များမှ အကျိုးအမြတ်ရယူနေပြီး အာဏာသိမ်းစစ်အုပ်စုကို စစ်ပွဲသုံးတိုက်ခိုက်ရေးပစ္စည်းများ ထောက်ပံ့ကူညီနေခြင်းကို ရပ်တန့်ပေးရေးရည်ရွယ်၍ “Airbus: End investment in AVIC” ခေါင်းစဥ်နှင့် လူထုသပိတ်ချီတက်ခဲ့ကြောင်း သိရှိရသည်။