ရှားတောမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တွင် စစ်အင်အား ၈၀ ရှိ မယ်လယု တပ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးမှု လက်နက်ခဲယမ်းများနှင့် စက်ယန္တရာများ သိမ်းဆည်းရရှိ၊ စစ်တပ် ကာကင်းစခန်းတစ်ခုကိုလည်း တိုက်ခိုက်သိမ်းပိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၃၀
ကရင်နီပြည်၊ ရှားတောမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လယုစစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီ တပ်သားများအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားပြီး လက်နက်ခဲယမ်းများနှင့် စက်ယန္တရားများ သိမ်း ဆည်းရရှိခဲ့ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီကျော်က ရှားတောမြို့နယ်၊ ဆိုးတရှားမြို့နယ်ခွဲရှိ မယ်လယု တပ်စခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရှမ်းပြည်နယ်ဘက်သို့ တပ်ဆုတ်သွား သ ဖြင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဝင်ရောက်လုပ်ဆောင်ခဲ့ရာ ၆၀ မမ ဗုံးသီး ၂၁၂ လုံး၊ MA 1 ကျည်အိမ် ၁၂ ခု ၊ A 1 ကျည် ဆံ ၅၄၇၀ တောင့်၊ နောင်တို ကျည်ဆံ ၁၀၂၂၈ တောင့်၊ တိုဘီတို ၁၄ ချောင်း၊ RPG ၆၀ လုံး၊ လက်ပစ်ဗုံး ၁၁၉ လုံး ၊ ၈၁ မမ ဗုံးသီး ၃၃ လုံး ၊ ထောင်ထားသည့် ၁၄ မိုင်း၊ ၁၆ မိုင်း၊ ၁၈ မိုင်းများ၊ ဖိုးဝီး ကား ၇ စီး ၊ ၆ ဘီးကား ၃ စီး ၊ ဘူဒိုဇာကား ၁ စီးနှင့် ဆိုင်ကယ် ၂ စီး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မယ်လယုစစ်တပ်စခန်းသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၇ နေ့တွင် ဝင်ရောက်တပ်စွဲခဲ့ခြင်း ဖြစ်ပြီး အင်အား ၈၀ ဝန်းကျင်ရှိကြောင်း၊ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၏ ဝိုင်းဝန်းပိတ်ဆို့ထား မှုကြောင့် ရိက္ခာပြတ်လပ်နေသဖြင့် ဒေသအခေါ် တောင်ကတုံးပေါ်မှ ဖြတ်သန်းကာ ရှမ်းပြည် ဘက် သို့ တပ်ဆုတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ရှမ်းပြည်ဘက်ဝင်မယ်ထင်တယ်။ ရှမ်းမြောက်ပိုင်းဘက်တက်သွားတာ။ သူတို့ပင်ရင်းဌာနချုပ် က ဖားဆောင်းမှာရှိတာ၊ သူတို့မိခင်တပ်ပေါ့။ အဲဒီမှာတပ်စွဲထားတာကြာပြီ။ ၂၀၂၁ ကလည်း ၄ နှစ် နီးပါးရှိပြီ။ တိုက်ပွဲမဖြစ်ဘူး။ တိတ်တဆိတ်ထွက်သွားတာ။ အဲဒီနေ့ကပဲ စခန်းကို ဝင်ရှင်းလင်းခဲ့တာ။ ပစ္စည်းက ကျည်ဆံတချို့ရတယ်၊ ယန္တရား တစ်ချို့ရတယ်။ ယန္တရားက ဆိုင် ကယ်တွေ၊ ကားတွေပေါ့၊ မယ်လယုက သံလွင်မြစ်အရှေ့ ဘက် ကမ်းမှာ သူတို့ပြန်မှာက ဖားဆောင်း ပြန်မှာလား၊ ဘယ်သွား မှာလဲ မသိဘူး။မိခင်တပ်ရင်းပြန်မှာပေါ့ ၊ ဒါပေမယ့် လမ်းမရှိတော့ဘူးလေ။ သူတို့ ရှမ်းပြည်ဘက် ကနေ ပတ်ပြန်မှာပေါ့။ ရှမ်းပြည်ဘက်ကနေ ပတ်ပြီးတော့မှ မိုးဗြဲဘက်ကို လာမှာ လားမသိသေးဘူး။ ဆီဆိုင်ဘက်ပြန်ဝင်လာမယ်ထင်တယ်။ ဘယ်သွားမလဲမသိဘူး။ သူတို့လူလည်း မရှိတော့ဘူးလေ၊ လူက ဆယ်ဂဏန်းပဲ၊ ရာဂဏန်းမရှိဘူး။” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဖုန်းနိုင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ရှမ်းပြည်နယ်နှင့် ကရင်နီနယ်စပ်တနေရတွင် ဆုတ်ခွာလာ သည့် စစ်ကြောင်းနှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များကြား ခဏတာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ၏ ရှေ့တန်းကင်းစခန်းတစ်ခုကိုသိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်သော်လည်း သေဆုံးမှု၊ လက်နက်ခဲယမ်းသိမ်း ဆည်းရရှိမှု သတင်းရရှိခြင်းမရှိသေး ကြောင်း သိရသည်။
“မနေ့ကတော့ ရှမ်း-ကရင်နီနယ်ကြားမှာ တိုက်ပွဲနည်းနည်းဖြစ်သေးတယ်။ နယ်စပ်မှာက ကျနော် တို့လူတချို့ရှိတယ်။ လိုက်ရှင်းရင်း တိုက်ပွဲဖြစ်တာ။ အဲဒီတိုက်ပွဲမှာ တော့ ဒဏ်ရာတော့ တစ်ချို့ရမယ် ထင်တယ်။ သေ တာတော့ဘာမှမကြားရဘူး။ သတင်းအစအနက သေချာမရနိုင်တော့ဘူး။ သူတို့ ပြန်တဲ့ လမ်းမှာ ခဏလေးပဲဖြစ်တယ်။ ခဏဖြစ်တော့ သူတို့စခန်းကြီးမှာ ခဏပြန်နားတယ်။ သူတို့ ရှေ့တန်း စခန်းတစ်ခုကျတယ်။ ဒီမနက်တော့ပြန်ထွက်မယ်ထင်တယ်။” ဟု ဟု KA စစ်ရေးချုပ်ဗိုလ် မှူးကြီး ဖုန်းနိုင်က ပြောဆိုသည်