22 C
Yangon

ပြည်သူလူထုအပေါ် ခြိမ်းခြောက် ငွေညှစ်တောင်းခံသည့်အတွက် မြဝတီခရိုင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၃ ဦးဒဏ်ရာရ

Must read

ပြည်သူလူထုအပေါ် ခြိမ်းခြောက် ငွေညှစ်တောင်းခံသည့်အတွက် မြဝတီခရိုင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ မြဝတီခရိုင်ရဲစခန်းကို ပြည်သူလူထုအပေါ် ခြိမ်းခြောက်ငွေညှစ်တောင်းခံနေသည့်အတွက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီ ၂၅ မိစန်အချိန် ပြည်သူလူထုအပေါ် ခြိမ်းခြောက် ငွေညစ် ဖမ်းဆီးနေခြင်းများ ပြုလုပ် နေသော မြဝတီခရိုင် ရဲစခန်းကို သတိပေးသည့် အနေဖြင့် Cobra Column (Federal Wings) ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲပြီး သတိပေးတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးနှင့် ရဲမိသားစုဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“လက်ရှိ အသေးစိတ်အခြေအနေတော့ ပြောပြလို့မရသေးဘူး။ ပြောပြလို့ရရင် ပြန်ပြောပေးပါ့မယ်” ဟု Federal Wings ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မြဝတီရဲစခန်းရှိ ရဲများအနေဖြင့် ပြည်သူလူထုအပေါ် ခြိမ်းခြောက် ငွေညစ် ဖမ်းဆီးနေခြင်းများအား ရပ်တန်းကရပ်ရန်နှင့် လိုက်နာခြင်းမရှိပါက ပိုမိုပြင်းထန်သည့်အကျိုးဆက်များ ခံစားရမည်ဖြစ် ကြောင်း၊ မြဝတီမြို့နေ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ အခြေချ နေထိုင်ရာနေရာများနှင့် နီးကပ်စွာနေထိုင်ခြင်းမပြုကြပါရန် Federal Wings ဒရုန်းတပ်ဖွဲ့က မေတ္တာ ရပ်ခံထားသည်။

ဓာတ်ပုံ- ခရီးသွားကားများကို စစ်ဆေးနေသည့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကရင်ပြည်နယ် ရဲတပ်ဖွဲ့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article