32 C
Yangon

တောင်ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော် မူဝါဒကော်မတီအဖွဲ့ဝင်နှင့် NUG ကိုယ်စားလှယ်ရုံးအဖွဲ့တို့ မြန်မာ ပြည်သူများ၏ ဗီဇာဆိုင်ရာ အခက်အခဲများနှင့် နိုင်/ကျဉ်များ၊ စစ်ရှောင်ပြည်သူများ၏ အခက်အခဲများ ကူညီဆောင်ရွက်နိုင်ရန် ဆွေးနွေး

Must read

တောင်ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော် မူဝါဒကော်မတီအဖွဲ့ဝင်နှင့် NUG ကိုယ်စားလှယ်ရုံးအဖွဲ့တို့ မြန်မာ ပြည်သူများ၏ ဗီဇာဆိုင်ရာ အခက်အခဲများနှင့် နိုင်/ကျဉ်များ၊ စစ်ရှောင်ပြည်သူများ၏ အခက်အခဲများ ကူညီဆောင်ရွက်နိုင်ရန် ဆွေးနွေး

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

တောင်ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော် မူဝါဒကော်မတီအဖွဲ့ဝင်နှင့် NUG ကိုယ်စားလှယ်ရုံးအဖွဲ့တို့ မြန်မာ ပြည်သူများ၏ ဗီဇာဆိုင်ရာ အခက်အခဲများနှင့် နိုင်/ကျဉ်များ၊ စစ်ရှောင်ပြည်သူများ၏ အခက်အခဲများ ကူညီဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ မှ ၁ နာရီအထိ ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော် အမျိုးသား မူဝါဒကော်မတီအဖွဲ့ဝင် အမတ် အီဂန်းအီလ် (Lee Kang-il) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးအဖွဲ့တို့ မြန်မာ့တော်လှန်ရေးနှင့် စပ်လျဉ်းသော ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ချောင်ဂျူး ဆန်ဒန်မြို့နယ်မှ ရွေးကောက်ခံအမတ် အီဂန်းအီလ်နှင့်အတူ အတွင်းရေးမှူး ဂွန်ထဲဟွန်တို့က မြန်မာ့တော်လှန်ရေး၏ လက်ရှိအခြေအနေနှင့် ကိုရီးယားရောက် မြန်မာနိုင်ငံသားများ၏ အခြေအနေကို အသေးစိတ် မေးမြန်းဆွေးနွေးရာ၊ NUGကိုယ်စားလှယ်ရုံးမှ ရုံးအဖွဲ့မှူး ဦးစိုးမိုးသူနှင့် စီမံရေးရာတာဝန်ခံ ဦးဝင်းပေါ်မောင်တို့က ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

လွှတ်တော်အမတ် အီဂန်းအီလ်က လူ့အခွင့်အရေး၊ ဒုက္ခသည်အရေးနှင့် အလုပ်သမားရေးတို့ကို စိတ်ဝင်စားသူဖြစ်၍ မြန်မာ့တော်လှန်ရေးအတွက် အဆိုပါကဏ္ဍတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ ကိုရီးယားနေ တော်လှန်ပြည်သူများ၏ ဗီဇာဆိုင်ရာ အခက်အခဲများကို အလေးထား ဆောင်ရွက်ရန်နှင့် မတရားဖမ်းဆီးခံရသူများ၊ စစ်ဘေးကြောင့် အကြပ်အတည်းဖြစ်နေရသူများကို ကူညီနိုင်ရန် နည်းလမ်းရှာသွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်ဟု သိရှိရသည်။

NUG အစိုးရ ကိုယ်စားလှယ်ရုံးဘက်မှလည်း ယခင်က ရှိခဲ့ဖူးသော မြန်မာ့အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရေး၊ လွှတ်တော်တွင်း ကြားနာပွဲများ ကျင်းပရေး၊ NUG ၊ CRPH တို့နှင့် ကိုရီးယားလွှတ်တော် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ယခုနှစ်အတွင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် NUG နှင့် ERO တို့၏ နယ်မြေစိုးမိုးမှုများ ကျယ်ပြန့်လာသည့်အလျောက် မြန်မာပြည်တွင်းရှိ ကိုရီးယား ရင်းနှီးမြှုပ်နှံမှုများအတွက် လွှတ်တော်အနေနှင့် အလေးထားစဉ်းစားရန်နှင့် လိုအပ်သည့် ဆွေးနွေးမှုများအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆက်လက် တင်ပြခဲ့ကြောင်း သိရှိရသည်။

ယင်းဆွေးနွေးပွဲကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ကိုတင်ဌေးအောင်နှင့် ရုံးအထောက်အကူပြုအဖွဲ့ဝင် ကိုကျော်မင်းသန်းတို့လည်း တက်ရောက်ခဲ့ပြီး ကိုရီးယားရှိ လူငယ်များ၏ တော်လှန်ရေးလုပ်ဆောင်မှု အခြေအနေများကို ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article