ဆားလင်းကြီးမြို့နယ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း People’s Revolution Armed Force – PRAF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ် ထွေအုပ်ရုံးနှင့် ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း ထွေအုပ်ရုံးနှင့် ရဲစခန်းကို ထိမှန်ခဲ့ပြီး ပျက်စီးမှုရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ဆားလင်းကြီးမြို့နယ် ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မကြာခဏ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက် နေသည့်အတွက် လက်တုန့်ပြန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း People’s Revolution Armed Force – PRAF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။