ဒီကနေ့ ဇန်နဝါရီ ၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ဘက်ဒေသက တော်လှန်ရေးတပ်တွေ တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် မကွေးတိုင်းအတွင်း စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ (ကပစတပ်) တွေအားလုံးမှာ အရေးပေါ် စစ်အင်အားတွေ စစ်ကောင်စီက ဖြည့်တင်းထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
- အော်ရီဒူးဖုန်းနံပါတ်တွေနဲ့ ချိတ်ဆက်ထားတဲ့ KBZ Pay အကောင့်တွေကနေ ငွေတွေ ခိုးယူခံနေရပြီး ကမ္ဘောဇဘဏ်က တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိဘူးလို့ ငွေဆုံးရှုံးနေတဲ့ ပြည်သူတွေက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
- ရန်ကုန်မှာ အကြမ်းဖက်စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေက စစ်မှုထမ်းဥပဒေအကြောင်း ပြကာ နည်းမျိုးစုံ ငွေညှစ်မှုတွေ ပိုမိုဆိုးရွားလာပြီး ငွေကြေးမပေးနိုင်သူတွေကို အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar