25 C
Yangon

ဗန်းမော်မြို့ရှိ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထား ကိုးကွယ်ရာ မဟာသိမ်တော်ကြီးဘုရားဝင်းကို စစ်တပ်က လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကျဲမှု အလုံးစုံပျက်စီးသွားပြီ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထား ကိုးကွယ်ရာ မဟာသိမ်တော်ကြီးဘုရားကျောင်းဝင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ အဆက်မပြတ်ကျဲချရာမှ ဘုရားနှင့် ကျောင်းပရဝဏ်ဝင်းတစ်ခုလုံး အလုံးစုံ ပျက်စီးသွားပြီဖြစ်ကြောင်း ဒေသပြည်သူများနှင့် KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ တစ်နေ့လုံး အကြမ်းဖက်စစ်တပ်က ဗန်းမော်မြို့ကို လေကြောင်း တိုက်ခိုက်မှု ၁၁ ကြိမ်လုပ်ဆောင်ခဲ့ပြီး မဟာသိမ်တော်ကြီးဘုရားကျောင်းဝင်းထဲသို့ စစ်လေယာဉ်ဖြင့် ဗုံး ၈ ကြိမ်ခန့် ကျဲချခဲ့ကြောင်း၊ ထိုသို့ ကျဲချမှုကြောင့် မဟာသိမ်တော်ကြီး ဘုရားဝင်းအတွင်းရှိ စေတီတော်နှင့် ဝင်းတစ်ခုလုံး ရစရာမရှိအောင် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

“သိမ်တော်ကြီးဘုရားကျောင်းဝင်းထဲ ၈ ကြိမ်ဗုံးကျဲခဲ့တယ်။ အကုန်ပျက်စီးကုန်ပြီ။ ပြည်သူနေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုများတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

KIA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်များက ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ပြင်းထန်နေကာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေသဖြင့် ဗန်းမော်မြို့တွင်းရှိ နေအိမ်များ မီးလောင်ပျက်စီးနေကြောင်း၊ မြို့မှာလည်း လုံး၀ ပျက်သလောက်နီးပါးဖြစ်နေပြီဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ – မပျက်စီးမီက မြင်တွေ့ရသည့် ဗန်းမော်မြို့၏ အထင်ကရ မဟာသိမ်တော်ကြီးဘုရား။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မပျက်စီးမီက မြင်တွေ့ရသည့် ဗန်းမော်မြို့၏ အထင်ကရ မဟာသိမ်တော်ကြီးဘုရား။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article