ရန်ကုန်၊ ဇန်နဝါရီ ၁
ကရင်ပြည်နယ်၊ မြ၀တီမြို့ကို ပြန်လည် သိမ်းပိုက်မည်ဟု ကြွေးကြော်ကာ ထိုးစစ်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ကြောင်းမှ တပ်သား ၂၀ ဝန်းကျင်ခန့် အလံဖြူထောင် လက်နက်ချပြီး KNU ထံတွင် အလင်းဝင်လာကြောင်း KNU သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
KNU ထိန်းချုပ်နယ်မြေ အတွင်းရှိ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ကြောင်းသည် မြဝတီမြို့သို့ မရောက်နိုင်ဘဲ K.N.L.A ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်သလို နောက်ပြန်ဆုတ်၍လည်း မရနိုင်ဘဲဖြစ်နေကြောင်း၊ စစ်တပ်စစ်ကြောင်းများသည် ကော့ကရိတ် – မြဝတီ အာရှလမ်းမကြီးဘေး တောင်ကြောတွင်သာ ပိတ်မိနေကြကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း K.N.L.A ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတချို့သေဆုံးခဲ့ပြီး အမြောက်အများ ဒဏ်ရာရခဲ့ကြောင်း၊ ထိုပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းတစ်ချို့ ထပ်မံသိမ်းဆည်းရမိခဲ့ကြာင်း၊ ထိုစစ်ကြောင်းမှ စစ်သည်တချို့သည်လည်း စစ်ကောင်စီ၏ အမိန့်ကို မလိုက်နာနိုင်တော့ဘဲ အလံဖြူထောင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံသို့ အများအပြား အလင်းဝင်လာနေကြပြီး နေ့စဥ်နှင့်အမျှ ထွက်ပြေးလာကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် လာရောက်ပူးပေါင်းခဲ့ကြကြောင်း သိရှိရသည်။
ထို့အတူ K.N.U တပ်မဟာ ၆ နယ်မြေ ၊ ဝင်းရေးမြို့နယ်တွင်ရှိသော စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာ စခန်းမှာလည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နေ့စဥ်နှင့်အမျှ ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုများရှိနေပြီး စခန်းတွင်းရှိ ၎င်းတို့၏ ရိက္ခာများလည်း လျှော့နည်းလာကြောင်း၊ ထိုအနန်းကွင်းဗျူဟာ စခန်းသို့စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီပူးပေါင်းတပ်ရင်းများမှာလည်း အနန်းကွင်းဗျူဟာစခန်းသို့ မရောက်နိုင်ကြဘဲ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် အများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာ ရခဲ့ကြကြောင်း၊ အနန်းကွင်းဗျူဟာ စခန်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်တစ်ချို့လည်း အထက်အမိန့်အား ဖီဆန်၍ ထွက်ပြေးကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံသို့ လာရောက်ပူးပေါင်းခဲ့ကြကြောင်း သိရှိရသည်။
ထိုအနန်းကွင်းဗျူဟာစခန်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နေ့စဥ်နှင့်အမျှ ထိခိုက်သေဆုံး၊ ဒဏ်ရာရခဲ့ကြပြီး ၎င်းတို့စားနပ်ရိက္ခာ အတွက် Y-12 လေယာဥ်ဖြင့်သာ လာရောက်ချပေးနေရကြောင်း၊ ထိုလေယာဥ်မှ လာရောက်ချပေးသော ရိက္ခာထုပ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရရှိနေကြောင်း သိရှိရသည်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်များမှာ ပြည်သူနေထိုင်သော ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ပေါက်ကွဲမှုကြောင့် ပြည်သူတချို့ ထိမှန် သေဆုံး၊ ဒဏ်ရာရခဲ့ပြီး ဥယျဥ်ခြံမြေနှင့် အိုးအိမ်ပစ္စည်းများစွာလည်း ထိမှန်ပျက်စီးခဲ့ရကြောင်း KNU ဒူးပလာယာခရိုင် – ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar