30 C
Yangon

ရန်ကုန်တိုင်း စစ်ဌာနရှိ တော်လှန်ရေး ရဲဘော်များကို NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် တာဝန်ရှိသူများ သွားရောက် တွေ့ဆုံပြီး လိုအပ်သည်များကို ထောက်ပို့ပေးအပ်

Must read

ရန်ကုန်တိုင်း စစ်ဌာနရှိ တော်လှန်ရေး ရဲဘော်များကို NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် တာဝန်ရှိသူများ သွားရောက် တွေ့ဆုံပြီး လိုအပ်သည်များကို ထောက်ပို့ပေးအပ်

ရန်ကုန်၊ ဇန်နဝါရီ ၁

ရန်ကုန်တိုင်း စစ်ဌာနရှိ တော်လှန်ရေး ရဲဘော်များကို NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် တာဝန်ရှိသူများက သွားရောက် တွေ့ဆုံပြီး လိုအပ်သည်များကို ထောက်ပို့ပေးအပ်ခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသမှ တာဝန်ရှိသူများသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ရန်ကုန်တိုင်း စစ်ဌာနရှိ တပ်ရင်း ၅၁၀၁၊ တပ်ရင်း ၅၁၀၂ နှင့် ဗျူဟာ စစ်ကြောင်း ၁ မှရဲဘော်များကို လာရောက်တွေ့ဆုံကာ အားပေးစကားပြောကြားခြင်း၊ လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“မိမိတို့ရဲ့ ကိုယ်ပိုင်ဘဝတွေကို စွန့်လွှတ်ပြီး PDF တွေအဖြစ်နဲ့ တော်လှန်ရေးမှာ ပါဝင်လာကြတဲ့ လူငယ်တွေကို လေးစားကျေးဇူးတင်ကြောင်း၊ PDF တွေဟာ မြန်မာနိုင်ငံရဲ့သမိုင်းအသစ်ကို အသက်သွေးချွေးတွေနဲ့ ရေးထိုးနေကြသူများဖြစ်ကြောင်း၊ စစ်အာဏာရှင်တွေကြောင့် အောက်ကျနောက်ကျဖြစ်နေရတဲ့ နိုင်ငံတော်ကို ပြန်လည် ထူထောင်တည်ဆောက်ကြတဲ့အခါမှာလည်း ဒီလူငယ်တွေရဲ့ အားနဲ့ပဲ တည်ဆောက်ကြရမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် ရဲဘော်ရဲဘက်တွေအချင်းချင်း အပြန်အလှန် စောင့်ရှောက်ကြရင်း စစ်ရေးရည်မှန်းချက်တွေကို ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်ကြစေ လိုကြောင်း” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article