23 C
Yangon

ကျိုက်ထိုရှိ စစ်တပ်၏ လက်ပံပင် သုဿန်ဂိတ်နှင့် ချောက်တွင် စစ်တပ် စစ်ကြောင်း တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

Must read

ကျိုက်ထိုရှိ စစ်တပ်၏ လက်ပံပင် သုဿန်ဂိတ်နှင့် ချောက်တွင် စစ်တပ် စစ်ကြောင်း တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လက်ပံပင် သုဿန်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း KYAIKHTO REVOLUTION FORCE (KRF) က ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၇ မိနစ်ခန့်တွင် လက်ပံပင် သုဿန်ဂိတ်ကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) ၊ KNU/KNLA နှင့် PDF (၇၈၀၅)တပ်ရင်း ပူးပေါင်းအဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းအဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

KYAIKHTO REVOLUTION FORCE (KRF) အနေဖြင့် အကြမ်းဖက် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထု အပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများကို ပြုလုပ်မည်မဟုတ်ကြောင်း အသိပေး ပြောဆိုထားသည်။

ထို့ပြင် မကွေးတိုင်း၊ ချောက်မြို့နယ်တွင် ကတောက်ချောင်း ကျေးရွာအနီးတွင် ကုန်းကြီးပျူစောထီးရွာကို ရောက်ရှိလာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chauk Guerrilla Force မှ တာဝန်ခံ Ko Paing က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ချောက်မြို့နယ်၊ ကတောက်ချောင်း ကျေးရွာအနီးတွင် ကုန်းကြီးပျူစောထီးရွာကို အကြမ်းဖက် စစ်တပ် နှင့် ပျူစောထီးများ ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိကျသေချာတဲ့ စစ်ခွေး ထိခိုက်မှုကို ပြန်ပြောပေးပါ့မယ်။ ဘယ်လိုအခြေနေမျိုးမှာ မဆို စစ်ကောင်စီရဲ့ လှုပ်ရှားမှုတိုင်းကို ထိရောက်စွာ တိုက်ခိုက်သွားမည် ဖြစ်ကြောင်းနဲ့ ပြည်သူများအနေနဲ့ စစ်ကောင်စီ တပ်တွေနဲ့ ဝေးဝေးက ရှောင်နေကြဖို့ ပြောချင်ပါတယ်”ဟု Chauk Guerrilla Force မှ တာဝန်ခံ Ko Paing က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force C.G.F ( ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့)နှင့် ချောက် မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ အာဠာဝက မြို့ပြ ပျောက်ကျားတပ်ဖွဲ့ ၊ Kyaukpadaung Special Defense Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

Photo – အကြမ်းဖက် စစ်တပ်၏ လက်ပံပင် သုဿန်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေစဉ်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article