25 C
Yangon

မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ၊ UMFCCI အပါအဝင် အင်တာနက်ဝန် ဆောင်မှု ကုမ္ပဏီတချို့က VPN Service Provider ဝန်ဆောင်မှုလုပ်ငန်း လုပ် ကိုင်ကြမည်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ၊ UMFCCI အပါအဝင် စီးပွားရေးကုမ္ပဏီတချို့က VPN Service Provider ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ကြမည်ဖြစ်ကြောင်း ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေး ဥပဒေကို အတည်ပြုခဲ့ပြီးနောက် များမကြာမီ VPN Service Provider ခေါ် ဗီပီအန်ကို ထူထောင်ခြင်း သို့မဟုတ် ဗီပီအန်ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများကို စစ်ကောင်စီ၏ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်နည်းပညာဝန်ကြီးဌာနက ခွင့်ပြုသွားရန် ရှိနေကြောင်း UMFCCI ထံမှ သိရှိရသည်။

“တပ်ချုပ်ရဲ့ သားကုမ္ပဏီ ပါတယ်။ VPN Service Provider လျှောက်ထားမယ့် အထဲမှာ ။ နောက်တစ်ခုကတော့ UMFCCI ဘက်ကလည်း VPN Service Provider လုပ်ငန်း လုပ်ကိုင်ခွင့်ပြု ဖို့ တပ်ချုပ်ဆီကို တရားဝင် တင်ပြထားတာရှိတယ်။ အဲဒါကတော့ အသင်းဝင် စီးပွားရေးသမားတွေပြန်လည် ညှိနှိုင်းပြီးမှ ကုမ္ပဏီအနေနဲ့ လျှောက်ထားမယ့်အခြေအနေ ရှိပါတယ်။ အင်တာနက် ဝန် ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီ တော်တော်များများလည်း VPN Service Provider လျှောက်ကြဖို့ ရှိပါတယ်” ဟု UMFCCI ဘက်မှ စီးပွားရေး သတင်းရင်းမြစ်က ဆိုသည်။

UMFCCI က ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံရှိ Online Live Sale နှင့် Facebook အခြေခံသော စီးပွားရေးလုပ်ငန်းများအတွက် VPN Service Provider များ ထူထောင်ခွင့်ပေးရန် စစ်ကောင်စီထံတင်ပြခဲ့ကြောင်း၊ ထို့ပြင် ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းအတွက် သုံးသပ်ချက် အချက် ၃၀ ကိုပါ UMFCCI က မှတ်ချက်များနှင့်အတူ တင်ပြခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စီးပွား ရေးလုပ်ငန်းများအတွက် လူမှုကွန်ရက် ဆက်လက်သုံးစွဲနိုင်ရန် တရားဝင် မှတ်ပုံတင်ထားသော VPN Service Provider များ ထူထောင်ခွင့်ပေးရန် UMFCCI က ဥပဒေကြမ်းကို မှတ်ချက်ပေး တင်ပြ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ ဆိုက်ဘာလုံခြုံရေး ဥပဒေအရ VPN များကို ကုမ္ပဏီများက စစ်ကောင်စီထံမှ လိုင်စင်ခွင့်ပြုချက်ဖြင့် ထူထောင်ခွင့်ရရှိမည်ဖြစ်ပြီး စစ်ကောင်စီက VPN သုံးစွဲသုံးနှင့် ဝန်ဆောင်မှုပေးသူများအားလုံးကို တရားဝင် စောင့်ကြည့်မည်ဖြစ် ကြောင်း၊ ထို့ပြင် တရားဝင် မှတ်ပုံတင်ထားသော VPN များကိုလည်း ပြည်သူလူထုအတွင်း ရောင်းချခွင့်များလည်း ရရှိနိုင်မည်ဖြစ် ကြောင်း၊ Facebook လူမှုကွန်ရက်အပေါ် အခြေခံထားသည့် အွန်လိုင်းအရောင်းအဝယ် စီးပွားရေး လုပ်ငန်းများလည်း တရားဝင် VPN များအသုံး ပြု၍ လည်ပတ်ခွင့်ရရှိမည်ဖြစ်သော်လည်း ယင်း တရားဝင် VPN များက ပိတ်ပင်ထားသော နိုင်ငံရေးနှင့် တော်လှန်ရေး အွန်လိုင်းစာမျက်နှာများကို ကြည့် ရှု၍ ရမည်မဟုတ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက်ကို VPN အသုံးပြု၍ မသုံးနိုင်ရေး ၂၀၂၄ ခုနှစ် မေလ ၃၀ ရက်နေ့မှ စတင်၍ ပိတ်ပင်ခဲ့ပြီး VPN ပိတ်ပင်ရေး စီမံချက်တွင် ဆက်သွယ်ရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က ဦးဆောင်ကာ ဗိုလ် မှူးကြီး သီဟမင်းထွန်း၊ ကကဆက်မှ အရာရှိများ၊ Mascots ကုမ္ပဏီမှ ဒေါက်တာဝင်းကျော်နှင့် တရုတ်နည်းပညာရှင်အဖွဲ့များ ပူးပေါင်းပါဝင် ပိတ်ပင်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့ ထုတ်ပြန်ထားသော စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေး ဥပဒေ၏ ပုဒ်မ ၇၀ တွင် မည်သူမဆို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူခြင်းမရှိဘဲ VPN ထူထောင်ခြင်း၊ သို့မဟုတ် VPN ဝန်ဆောင်မှု ပေးခြင်းပြုလုပ်ကြောင်းပြစ်မှု ထင်ရှားလျှင် လူပုဂ္ဂိုလ်ဆိုလျှင် ထောင်ဒဏ် ၁ လမှ ၆ လအထိ ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ် ၁၀ သိန်းမှ သိန်း ၁၀၀ ထက်မိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း၊ ပြစ်မှုကျူးလွန်သည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း ဖြစ်ပါက ငွေဒဏ် သိန်း ၁၀၀ ထက်မနည်းသော ငွေဒဏ်ချမှတ်ရမည့်အပြင် သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြဋ္ဌာန်းထားသည်။

ဓာတ်ပုံ – မင်းအောင်လှိုင်၊ သား အောင်ပြည့်စုံနှင့် မိသားစု။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မင်းအောင်လှိုင်၊ သား အောင်ပြည့်စုံနှင့် မိသားစု။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article