ဒီကနေ့ ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီက ဆိုင်ဘာလုံခြုံရေး ဥပဒေကို အတည်ပြုပြီးနောက်မှာပဲ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံ နဲ့ UMFCCI အပါအဝင် အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတချို့က VPN ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ကြဦးမှာဖြစ်တယ်လို့ UMFCCI နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရခိုင်ပြည်နယ်အစပ်က ပဲခူးတိုင်း ပြည်မြို့ ၊ ဥသျှစ်ပင်အနီး ပန်းတောင်း-တောင်ကုတ်လမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှာ ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင် ဦးဆောင်တဲ့ လူမိုက်အဖွဲ့နဲ့အတူ အကြမ်းဖက် စစ်ကောင်စီတပ်က လူငယ် အယောက်၆၀ ထက်မနည်းကို ပေါ်တာဆွဲ ဖမ်းဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar