29 C
Yangon

မလှိုင်မြို့နယ်၊ သုံးတောင်ရွာနှင့် သရက်ကောင်းပင်ရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ သေနတ် ၃ လက် သိမ်းဆည်းရရှိ

Must read

မလှိုင်မြို့နယ်၊ သုံးတောင်ရွာနှင့် သရက်ကောင်းပင်ရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ သေနတ် ၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၃

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သုံးတောင်ရွာနှင့် သရက်ကောင်းပင်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Guardians Of Mahlaing မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မလှိုင်မြို့နယ်၊ သုံးတောင်ကျေးရွာနှင့် သရက်ကောင်းပင်ကျေးရွာ အကြားရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း တိုက်ပွဲ ၁ နာရီ ဝန်းကျင်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သားများ ၆ ဦးသေဆုံးကာ တပ်ကြပ်ကြီး ၁ ဦးကိုလည်း အရှင်ဖမ်းမိနိုင်ခဲ့ကြောင်း၊ ထို့ပြင် G-3 အမျိုးအစား သေနတ် ၃ လက် ကျည် ၅၅၀ တောင့်နှင့် ကျည်ဘောက် ၆ ခု တို့ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ရဲဘော်တွေအထိအခိုက်တစုံတရာမရှိဘဲနဲ့ ရန်သူသေဆုံး၊ ဒဏ်ရာရ‌တွေတင်မကဘဲ လက်နက်အချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်။ စစ်သုံ့ပန်း ၁ ဦးလည်း ဖမ်းမိတဲ့အတွက် အခုတိုက်ပွဲက ၂၀၂၅ ခုနှစ်ရဲ့ အဖွင့်ကောင်းတဲ့တိုက်ပွဲလို့ပြောရမှာပေါ့။ ကျွန်တော် တော်လှန်ရေးအဖွဲ့တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့အတူ လူအင်အား၊ လက်နက်အင်အားတွေအရင်ကနဲ့ စာရင်အများကြီးတိုးတက်လာသလို အဖွဲ့တွေအချင်းချင်းကြားမှာလည်းအရင်ကထက် ပူးပေါင်းဆောင်ရွက်မှုတွေအားကောင်းလာတဲ့အတွက် ၂၀၂၅ ထဲမှာ မန္တလေးတိုင်းထဲမှာ အခုထက် နယ်မြေစိုးမိုးမှုတွေရဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ အရှင်ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမှတ် (၁) စစ်ဒေသတာဝန်ရှိသူဆီကို လွှဲပြောင်းပေးလိုက်ပါပြီ တာဝန်ရှိသူတွေက ဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်သွားမယ် လို့ သိထားပါတယ်”ဟု Guardians Of Mahlaing မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ ၊ အမှတ် ၄ ၊ အမှတ် ၈ ၊ အမှတ် ၁၀ တပ်ရင်းများ၊ မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်း (MHLG – PDF) နှင့် နွားထိုးကြီးမြို့နယ် ပ.က.ဖ ၊ မလှိုင်မြို့နယ် ပ.က.ဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article