28 C
Yangon

စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး

Must read

စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက် ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် မြင်းဆည်ရွာမှ ဦးရဲဝင်းခိုင်း ၊ ဒေါ် ပပ ဇနီးမောင်နှံနှင့် အမည်မသိ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး နွား ၅ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ကိုင်းမြို့နယ် မြင်းဆည်ကျေးရွာကို တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲသွားတာ ဦးရဲ၀င်းခိုင်၊ ဒေါ်ပပ ဇနီး မောင်နှံနဲ့ အမည်မသိ ပြည်သူ တစ်ဦး သေဆုံးတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article