28 C
Yangon

ငဖဲတွင် ကင်းလှည့်ရန် ထွက်လာသော စစ်သားများနှင့် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်ဆည်းရရှိ၊ အမ်းတိုက်ပွဲများမှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၄ ဦးကိုလည်း အရှင်မိ

Must read

ငဖဲတွင် ကင်းလှည့်ရန် ထွက်လာသော စစ်သားများနှင့် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်ဆည်းရရှိ၊ အမ်းတိုက်ပွဲများမှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၄ ဦးကိုလည်း အရှင်မိ

ရန်ကုန်၊ ဇန်နဝါရီ ၄

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မျှော်စင်ရွာ၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ရေဒါစခန်းမှ ဆိုင်ကယ်ဖြင့် လှည့်ကင်း ထွက်လာသော အကြမ်းဖက် စစ်သားများနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း People’s Revolution Alliance မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ငဖဲမြို့နယ်၊ မျှော်စင်ရွာ၏ အနောက်ဘက် မီတာ ၂၀၀ ခန့်ရှိ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးရေဒါစခန်းမှ ဆိုင်ကယ်ဖြင့် ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်သား ၆ ဦးခန့်ကို PRA-Magway တပ်ဖွဲ့က ခြုံခို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုသည် ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦး သေဆုံးကာ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး MA-3 အမျိုးအစား လက်နက်ငယ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ စစ်ရေး ရည်မှန်းချက်တွေကို အောင်မြင် ပေါက်ရောက်အောင် လုပ်ဆောင်နေတယ်။ တစ်ဆင့်ချင်းဆီ ကျွန်တော်တို့ လုပ်ဆောင်နေတယ်။ အဓိကတော့ ကျွန်တော်တို့ ရည်မှန်းထားတဲ့ စစ်ရေး ရည်မှန်းချက်တွေ မရမခြင်း စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ ပြောချင်ပါတယ်” ဟု People’s Revolution Alliance မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း အမ်း-ပဒါန်း လမ်းပိုင်းမှ တက်လာသော အင်အား ၁ဝဝ ခန့်ပါ စစ်ကား ၄ စီးနှင့် ကားအသေး ၁ စီးတို့ကို ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ အထက် မီတာ ၁၀၀၀ ခန့်အကွာတွင် မိုင်း ၉ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း စစ်ကား ၁ စီး ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှာ ၄ ဦး သေဆုံးကာ ၁၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ရှေ့တန်းစစ်မြေပြင်မှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို ဒီဇင်ဘာလ ၂၆ ရက်နှင့် ၂၉ ရက်နေ့တို့တွင် အရှင် ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

“အမ်းစစ်ဆင်ရေးကနေ ထွက်ပြေးလာတဲ့သူတွေ ကျွန်တော်တို့ လှုပ်ရှားတဲ့ နယ်မြေထဲရောက်လာတဲ့အခါမှာ ဖမ်းမိတယ်ပေါ့။ ၄ ဦးလုံးကတော့ စစ်မှုထမ်းဥပဒေနဲ့ သင်တန်းဆင်းလာတဲ့ သူတွေချည်းပဲ။ လက်ရှိမှာတော့ စစ်သုံ့ပန်း ဥပဒေနဲ့အညီ ကောင်းကောင်းမွန်မွန်စွာ ထိန်းသိမ်းထားပါတယ် “ဟု People’s Revolution Alliance မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) သည် တစ်ဖွဲ့ချင်းဖြင့် သော်လည်းကောင်း၊ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ သော်လည်းကောင်း ချမှတ်ထားပြီးဖြစ်သော စစ်ရေးဆိုင်ရာရည်မှန်းချက်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း People’s Revolution Alliance မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article