19.7 C
Yangon

စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို စစ်တပ်က လေယာဉ်၊ စက်တပ် လေထီးများဖြင့် ဗုံးအလုံး ၄၀ ကျဲချ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ် ၂၀ ခန့်ပျက်စီး

Must read

စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို စစ်တပ်က လေယာဉ်၊ စက်တပ် လေထီးများဖြင့် ဗုံးအလုံး ၄၀ ကျဲချ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ် ၂၀ ခန့်ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ် လေထီးများဖြင့် ဗုံးအလုံး ၄၀ ကျဲချ တိုက်ခိုက်ရာ ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ် ၂၀ ခန့်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းဆည်ကျေးရွာကို အကြမ်းဖက် စစ်တပ်က Jet fighter၊ Y-12 ၊ စက်တပ် လေထီးများဖြင့် ဗုံး အလုံး ၄၀ ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိကာ နွား ၁၀ ကောင်ခန့် သေဆုံးပြီး လူနေအိမ် ၂၀ လုံး နှင့် ဘုန်းကြီးကျောင်းဆောင် တစ်ခုလည်း ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ ၂၀၂၄ ခုနှစ် နို၀င်ဘာလ ၂၀ ရက်နေ့ကလည်း မြင်းဆည်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ပြီး ယင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် တချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article