စလင်းမြို့အနီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ခရီးသွား ပြည်သူများကို စစ်ရေး လုံခြုံရေးအရ စစ်ဆေးမှုများ ပြုလုပ်
မကွေးတိုင်း၊ စလင်းမြို့အနီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ခရီးသွား ပြည်သူများကို စစ်ရေး လုံခြုံရေးအရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။
စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြည်သူလူထု သွားလာရေး အဆင်ပြေစေရန် စလင်းမြို့အနီးသွားရောက်၍ စလင်း-ဆင်ဖြူကျွန်းကားလမ်းပိုင်းကို အသုံးပြုနေသော ခရီးသွား ပြည်သူများကို စစ်ရေးလုံခြုံရေးအရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့မှ ပြည်သူများ အနေဖြင့်လည်း စလင်း ပကဖ မှ စစ်ရေးလုံခြုံရေးအရ အချိန်နှင့် တပြေးညီ ထုတ်ပြန် ကြေညာချက်များကို စောင့်ကြည့်လိုက်နာပေးရန် မေတ္တာရပ်ခံကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။