28 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၆ ရက်မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၆ ရက်မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင်စနစ် ချေမှုန်းတိုက်ဖျက်ရေးအတွက် ဖြစ်ပွားနေတဲ့ တော်လှန်ရေး တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီးအဆင့်ရှိသူ ၅၃ ဦး သေဆုံးခဲ့သလို ဒဏ်ရာရနဲ့ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာတွေအပါအဝင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီး ဌာနက တရားဝင်အစီရင်ခံစာထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ “PDF တွေ ငါ့ကို သတ်ချင်ရင် ၁၀ နှစ်ကြိုးစားလို့ ကြွေးကြော်ထားတဲ့ ရဲတပ်ကြပ်ဟောင်း၊ ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့တဲ့အပြင် အလောင်းနဲ့အတူ မူးယစ်ဆေးဝါးတွေကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျား တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ လိုင်စင်မဲ့ IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းမှာ ကိုယ်ခန္ဓာ အဆီစုပ်ထုတ်ရန်သွားတဲ့ အသက် ၂၆ နှစ်အရွယ် မဇာခြည်ဦးဟာ ဆေးခန်းမှာ သေဆုံးသွားခဲ့ပြီး အလောင်းစွန့်ပစ်ခံခဲ့ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article