တနင်္သာရီမြို့နယ်တွင် စစ်တပ်အတွက် ဆန်အိတ် ၂၈၅၀ နှင့် ရိက္ခာများ တင်ဆောင်လာသော ကုန်တင်သင်္ဘောကို KNLA က ဖမ်းဆီးရရှိ
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်အတွက် ဆန်အိတ် ၂၈၀၀ ကျော် တင်ဆောင်လာသော ကုန်တင်သင်္ဘောကို KNLA က ဖမ်းဆီးရရှိကြောင်း ဒေသသတင်းရင်းမြစ် Kwe Ka Lu Newsက သတင်းဖော်ပြသည်။
ဇန်နဝါရီလ ၂ ရက်နေ့ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း ပင်လယ်ကမ်းစပ်တစ်နေရာတွင် စစ်တပ်အတွက် ဆန်အိတ် ၂၈၅၀ နှင့် ရိက္ခာများ တင်ဆောင်လာသော မြတ်သီရိအောင် သင်္ဘောကို KNLA တပ်မဟာ ၄ တပ်ရင်း ၁၁ တပ်ဖွဲ့က ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
စစ်တပ်အတွက် ဆန်အိတ်နှင့် ရိက္ခာများ တင်ဆောင်လာသော မြတ်သီရိအောင်သင်္ဘောမှာ တနင်္သာရီမြို့နယ်၊ ရွှေဂဲညိုကျေးရွာနေ ပျူစောထီးခေါင်းဆောင်ရှိန်ညွန့်နှင့် ဆက်စပ်နေကြောင်း သတင်းကဆိုသည်။