30 C
Yangon

သာပေါင်းတွင် အုပ်ချုပ်ရေးမှူး လှထွန်းနှင့် ပျူစောထီး သိန်းဇော်က စစ်မှုထမ်းမဲပေါက်၍ တိမ်းရှောင်နေသည့် လူငယ်များကို​ဖမ်းဆီး၍ စစ်တပ်ထံ အပ်နှံ၊ စစ်သင်တန်းကျောင်းမှ ထွက်ပြေးသည့် တပ်သား ၄ ဦးကိုလည်း ရှာဖွေဖမ်း ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၇

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး လှထွန်းနှင့် ကျေးရွာခွဲ ခေါင်းဆောင် သိန်းဇော်က စစ်မှုထမ်းမဲပေါက်၍ တိမ်းရှောင်လာသည့် လူငယ်များကို စစ်တပ်ထံ ဖမ်းဆီးအပ်နှံပြီး စစ်မှုထမ်းသင်တန်းမှ ထွက်ပြေးလာသည့် လူငယ် ၄ ဦးကိုလည်း စစ်တပ်ကို ဖမ်းဆီးခိုင်းကြောင်း ပုသိမ်း သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သာပေါင်းမြို့နယ်၊ သရက်တောကျေးရွာ အုပ်စု စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး လှထွန်းနှင့် ရေလဲကြီးကျေးရွာခွဲ ခေါင်းဆောင် သိန်းဇော်သည် ကျေးရွာအုပ်စုအတွင်း ရေလဲကြီးရွာ၊ မာလကာကုန်းရွာ၊ သာယာကုန်းရွာ၊ တပူးဝရွာ၊ သင်္ကန်းငူရွာတို့တွင် စစ်မှုထမ်း မဲပေါက်၍ တခြားဒေသမှ လာရောက် တိမ်းရှောင်သူများကို စုံစမ်းပြီး ဖမ်းဆီးကာ အကြမ်းဖက် စစ်တပ်ထံ အပ်နှံမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ပထမ ပတ်ကလည်း အုပ်ချုပ်ရေးမှူး လှထွန်း နှင့် ရေလဲကြီးကျေးရွာခွဲ ခေါင်းဆောင် သိန်းဇော်တို့သည် စစ်မှုထမ်း တပ်သားသစ် ၄ ဦးသည် အကြမ်းဖက် စစ်တပ်မှ ထွက်ပြေးပြီး သရက်တောကျေးရွာအုပ်စုဘက်ကို ဒဏ်ရာများဖြင့် ရောက်ရှိ လာစဉ် စစ်တပ်ကို သတင်းပေးမှုကြောင့် စစ်ကောင်စီ တပ်သားများက လာရောက် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိချိန် စစ်မှုထမ်း တပ်သားသစ် ၃ ဦးသာ ပြန်လည်း ဖမ်းဆီးနိုင်ခဲ့ပြီး ၁ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

အဆိုပါ ထွက်ပြေး လွတ်မြောက်သွားသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးကို အုပ်ချုပ်ရေးမှူး လှထွန်းနှင့် ကျေးရွာခွဲ‌ ခေါင်းဆောင် သိန်းဇော်တို့က လိုက်လံ ရှာဖွေနေပြီး ၎င်းတို့နှင့်အတူ ရှာဖွေနေသည့် အုပ်ချုပ်ရေးအဖွဲ့ကိုလည်း တွေ့သည်နေရာတွင် ရိုက်နှက် သတ်ဖြတ်ရန် ခိုင်းစေနေကြောင်း သိရှိရသည်။

သရက်တောကျေးရွာအုပ်စု အတွင်း အုပ်ချုပ်ရေးမှူး လှထွန်း နှင့် ရေလဲကြီးကျေးရွာခွဲ ခေါင်းဆောင် သိန်းဇော်တို့က စစ်မှု ထမ်း ထောက်ပံ့ကြေးဟုဆိုကာ လစဉ် တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀၀ လိုက်လံ ကောက်ခံနေပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article