24 C
Yangon

ဆောမြို့နယ်၊ ဆောမြို့မရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်၊ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၈

မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆောမြို့မရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၆ ရက်နေ့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာသော စစ် ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသည် MA-1 ၁ လက်၊ MA-3 ၁ လက်၊ MA ကျည် ၄၃၂ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ MA ကျည်အိမ် ၉ ခုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း ၃၊ ၅ ထံသို့ အလင်းဝင်လာကြောင်း၊ အလားတူ ဇန်နဝါရီလ ၂ ရက်တွင် ဆောမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦးလည်း ဂန့်ဂေါခရိုင် တပ်ရင်း-၂ ထံသို့ G-3 ၁ လက်၊ 7.62 ကျည် ၅၀ တောင့်၊ ကျည်အိမ် ၂ ခုဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၄ ရက်နေ့ ဆောမြို့နယ်၊ လောင်းရှည်ဒေသ ရင့်ရဲချောင်းရွာအနီး ဖျင်ချောက်အရှေ့ဘက်တွင် ဂန့်ဂေါခရိုင် တပ်ရင်း ၃ နှင့် ၅ အဖွဲ့များက နယ်မြေရှင်းလင်းရေးထွက်စဉ် စစ်ကောင်စီ အဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးရမိပြီး MA-1 ၂ လက်၊ MA ကျည် ၄၀၇ တောင့်၊ အီနာဂါ ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ နင်းမိုင်း ၁ လုံး၊ MA ကျည်အိမ် ၇ ခု၊ ကျည်ကာဦးထုပ် ၂ လုံး၊ ကျည်ကာအင်္ကျီ ၃ ထည်၊ ကျောပိုးအိမ် ၃ လုံး၊ စစ်ယူနီဖောင်း ၂ ထည်၊ ဖုန်း ၅ လုံး၊ ရေဘူး ၁ ဘူး၊ ဓား ၁ လက် သိမ်းဆည်းရမိကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၄ ရက်နေ့ လောင်းရှည်ဒေသ လှော်ကားရွာအနီး ဖိုးခြင်းထောင်ကုန်း၌ ဂန့်ဂေါခရိုင် တပ်ရင်း-၆ အဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်စဉ် ထွက်ပြေးသွားသော စစ်ကောင်စီ အဖွဲ့ဝင် ၂ ဦးထံမှ MA-1 ၁ လက် (မောင်းတုံး ပျက်စီး၊ စပရိန် မကောင်း၊ ကျည်အိမ်အောက်ပိတ်မပါ) သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ထို့အတူ ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း လောင်းရှည်ဒေသ၊ ရင့်ရဲချောင်းရွာအနီး ကစဉ့်ကလျားထွက်ပြေးကြသော စစ် တပ် စစ်ကြောင်းကို ဂန့်ဂေါခရိုင် တပ်ရင်း ၃၊ ၅၊ ၆၊ မကွေးတိုင်း ဒရုန်းတပ်ဖွဲ့၊ စလင်းမြို့နယ် တိုက်ခိုက်ရေးအဖွဲ့ ပူးပေါင်းအဖွဲ့တို့က ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာဖြင့် ဖမ်းဆီးရမိကြောင်း၊ စစ်တပ်ထံမှ MA-2 ၂ လက်၊ MA-3 ၁ လက်၊ G-3 ၁ လက်၊ ကျည်အိမ် ၁၄ ခု၊ G-3 ကျည် ၆၄ တောင့်၊ MA ကျည် ၂၅၀ တောင့်၊ အီနာဂါ ၅ လုံး၊ ၆၀ မမ ဗုံးသီး ၃ လုံး၊ Equipment ၂ ခု၊ ကျောပိုးအိတ် ၃ ခု၊ ရေဘူး ၁ ဘူး၊ စစ်ယူနီဖောင်း ၂ စုံ၊ ရဲယူနီဖောင်း ၁ စုံ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

အမှတ် (၁) စစ်ဒေသ

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article