25 C
Yangon

မြိုင်မြို့နယ်တွင် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းက ကျေးရွာ ၂၀ ကျော်ကို ဝင်ရောက် စီးနင်းပြီး မီးရှို့ ဖျက်ဆီးနေ၍ သောင်းနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ၊ စက်ပျက်၍ ကျန်ခဲ့သော ကားကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

မြိုင်မြို့နယ်တွင် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းက ကျေးရွာ ၂၀ ကျော်ကို ဝင်ရောက် စီးနင်းပြီး မီးရှို့ ဖျက်ဆီးနေ၍ သောင်းနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ၊ စက်ပျက်၍ ကျန်ခဲ့သော ကားကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၉

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းက ကျေးရွာ ၂၀ ကျော်ကို ဝင်ရောက် စီးနင်းပြီး မီးရှို့ ဖျက်ဆီးနေ၍ သောင်းနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ် အရှေ့တောင်ပိုင်းရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ ကျောက်ဆောက်ရွာမှ နေအိမ် ၁ လုံး၊ ရွာသစ်ရွာမှ နေအိမ် ၁ လုံး၊ ပိုက်သင်ရွာမှ နေအိမ် ၂ လုံး ကိုလည်း မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၈ ရက်နေ့တွင်မူ ကျောက်ဆောက်ရွာ၌ ရောက်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အဖွဲ့ခွဲထွက်၍ မကျီးချိုရွာ ၊ ရေရင်ရွာ ၊ ရွာသစ်ရွာ ၊ ပိုက်သင်ရွာ ၊ စဘေရွာတို့ကို ထပ်မံ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများကို

ခိုးယူ သယ်ဆောင်သွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် စစ်ကြောင်းများခွဲ၍ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ကျောက်ဆောက်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း သိရသည်။

“ပြည်သူတွေကတော့ ရွာ ၂၀ ခန့် ရှောင်ရတော့ အတော်များတယ်။ ခန့်မှန်းခြေ ‌တစ်သောင်းကျော်ခန့်လောက် ဖြစ်မယ်။ တိုက်ပွဲကတော့ ဖြစ်တယ်။ ကျောက်ဆောက်ရွာနားမှာ ပြင်းပြင်းထန်ထန် ဖြစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ စစ်ကြောင်း ဝင်ရောက်ခဲ့ရာ ကျေးရွာများမှ ပြည်သူပိုင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ၊ တီဗွီများ အစရှိသော တန်ဖိုးရှိ အသုံးအဆောင်များနှင့် စားနပ်ရိက္ခာများကို ခိုးယူပြီးနောက် နေအိမ်များကို မီးရှို့သွားခြင်းဖြစ်ကြောင်း၊ စဘေရွာ၏ မြောက်ဘက်တွင်လည်း စက်ပျက်၍ ကျန်ရှိခဲ့သော စစ်တပ် ရိက္ခာပို့ကား ၁ စီးကိုလည်း စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးထားခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စဘေရွာမှ ထွက်ခွာလာပြီး ထန်းငယ်တောရွာနှင့် စီလောင်ရွာကို ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ သယ်ဆောင်သွားကြောင်း၊ ထို့ပြင် ယနေ့ ညနေပိုင်းတွင် မြိုင်မြို့အရှေ့တောင်ဘက် ဒေါင်အိုရွာကို ရောက်ရှိနေကာ ရိက္ခာကားတန်းသည် ဂေါက်ကွင်း အနီးကို ရောက်ရှိနေကြောင်း၊ မြိုင်မြို့ထဲရှိ အကြမ်းဖက် စစ်ကောင်စီတပ်သည်လည်း ယနေ့ မွန်းလွဲပိုင်းတွင် မြိုင်မြို့မှ အထွက်ပြကာ မြိုင်မြို့အရှေ့ဘက် ထန်းဖူးတောရွာကို ရောက်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article