30 C
Yangon

ပြည်မြို့သို့ စစ်ကား အစီး ၅၀ ကျော်ဖြင့် စစ်ကူအင်အားများ ဖြည့်တင်းပြီး စစ်တပ်က ခံစစ် ပြင်ဆင် ၊ ဥသျှစ်ပင်မြို့ တွင် တိုက်ပွဲအတွင်း သေဆုံးသော စစ်သား အလောင်း ၇ လောင်းကို ခိုးကြောင်ခိုးဝှက် သဂြိုလ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ပဲခူးတိုင်း ပြည်မြို့တွင် အကြမ်း စစ်တပ်က စစ်ကား အစီး ၅၀ ကျော်ဖြင့် စစ်အင်အား ထပ်မံဖြည့်တင်းထားပြီး ခံစစ် ပြင်ဆင်ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဥသျှစ်ပင်မြို့ကို ဖြတ်၍ အကြမ်းဖက် စစ်တပ်၏ စစ်ကား အစီးရေ ၅၀ ကျော်သည် ပြည်-ဥသျှစ်ပင် လမ်းပိုင်းတစ်လျှောက်တွင် စစ်အင်အားများ ဖြည့်တင်း၍ ပြည်မြို့တွင် အခိုင်အမာ ခံစစ်ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်အင်အားဖြည့်တင်းခြင်းသည် ဥသျှစ်ပင်-ပန်းတောင်း လမ်းပိုင်းတွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပြည်မြို့ကို အကြမ်းဖက် စစ်တပ်က ခံစစ် ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ ပြည်မြို့ကို တော်လှန်ရေး တပ်ဖွဲ့များ ပိတ်ဆို့တိုက်ခိုက်မည်ကိုလည်း အကြမ်းဖက် စစ်တပ်က စိုးရိမ်နေကြောင်း သိရှိရသည်။

” ဇန်နဝါရီလ ၉ ရက်နေ့ ည ၁၀ နာရီကျော်က ဥသျှစ်ပင် ကိုဖြတ်ပြီး ပြည်မြို့ဘက်ကို စစ်ခွေးကား အစီးရေ အနည်းဆုံး ၅၀ ကျော် အရှိန်ပြင်းပြင်း မောင်းသွားတယ်။ ကားတိုင်းမှာ လူအပြည့်ပါတယ်။ စစ်ခွေးတွေက ပြည်မြို့ တိုက်ခိုက်ခံမှာ စိုးရိမ်နေတာတော့ အမှန်ပဲ ပြည်မြို့မှာ စစ်ခွေးအင်အားဖြည့်နေတာတွေတော့ရှိတယ်။ သူတို့ ပြည်မှာ အခိုင်အမာခံစစ်ပြင်ဆင်နေတာက ဒီဇင်ဘာလတည်းကပဲ သာယာဝတီခရိုင်ကို ခွေးစစ်ကြောင်းတွေ ရောက်လာတည်းက ပြည်မှလည်း ခံစစ်ပြင်ဆင်နေတာပါ။ အဓိကကတော့ ပန်းတောင်းနဲ့ တောင်ကုတ်အစပ်က တိုက်ပွဲတွေ ပြည်ဘက်အထိ ရောက်လာမှာကို ကြောက်ပြီး ကြိုကာထားတဲ့ သဘောပါပဲ” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းများက ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၆ ရက်နေ့ ညပိုင်းကလည်း ဥသျှစ်ပင်-ပန်းတောင်း လမ်းပိုင်း တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်သား အလောင်း ၇ လောင်းကို ဥသျှစ်ပင်မြို့ အေးသုခ သုဿာန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိတ်တဆိတ် လာရောက် သဂြိုလ်ခဲ့ကြောင်း ဒေသပြည်သူများထံမှသိရသည်။

ထို့ပြင် ဥသျှစ်ပင်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ အရာရှိ မိသားစုဝင်များကိုလည်း ပန်းတောင်းနှင့် တောင်ကုတ် အစပ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အရေးပေါ် ပြောင်းရွှေ့နိုင်ရန် ပြင်ဆင်ခိုင်းထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article