30 C
Yangon

လှိုင်သာယာတွင် ကြံ့ဖွတ်ပါတီက ဖွဲ့စည်းထားသော ပြည့်မဏ္ဍိုင် ဖောင်ဒေးရှင်းသို့ ပြည်သူများ ဝင်ရောက်ကြရန် အတင်းအကျပ် ဖိအားပေးနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး အေးကြိုင်က ကြံ့ဖွတ်ပါတီမှ ဖွဲ့စည်းထားသော ပြည့်မဏ္ဍိုင် ဖောင်ဒေးရှင်း အဖွဲ့သို့ ပြည်သူများကို ဖိအားပေး ဝင်ရောက်ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလပိုင်းမှ စတင်၍ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး အေးကြိုင်နှင့် ရာအိမ်မှူး အေးသိန်းတို့ကို ကြံ့ဖွတ်ပါတီမှ ဖွဲ့စည်းထားသော ပြည့်မဏ္ဍိုင် ဖောင်ဒေးရှင်း အဖွဲ့ဝင်အဖြစ် ရပ်ကွက်နေ ပြည်သူများကို ဖိအားပေး ဝင်ရောက်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ အတင်းအကျပ် ဝင်ရောက်ခိုင်းမှုအပေါ် ပြည်သူများက ကျေနပ်မှု မရှိသော်လည်း အဖွဲ့ဝင်ခွင့် လျှောက်လွှာများ လာရောက်မပေးသူများ၏ နေအိမ်များကို အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးက ကိုယ်တိုင်သွားရောက်၍ ပြည်သူများကို ဆဲဆိုကျိမ်းမောင်း အတင်းအဓမ္မ ဖောင်ဖြည့်ခိုင်းနေကာ ဓာတ်ပုံ ၃ ပုံပါ ယူဆောင်သွားကြောင်း သိရှိရသည်။

“လှိုင်သာယာမြို့နယ် အမှတ် ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးက ပါတီ ကြံ့ဖွတ်ပါတီထဲကို ဝင်ရမယ့် လျှောက်လွှာ ဖောင်စာရွက်တွေကို တစ်အိမ် ၁ စောင်ပေးပြီး အတင်းအဓမ္မ ဖြည့်ခိုင်ပြီး ဓာတ်ပုံ ၃ ပုံကိုလည်း ဖိအားပေးတောင်းနေတယ်။ သူတို့ ဖြည့်ခိုင်းတဲ့ ဖောင်လာမပေးရင် အိမ်ကို အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ကိုယ်တိုင် လိုက်လာပြီး အတင်း အဓမ္မ လာဖြည့်ခိုင်းတယ်။ ဆဲဆိုတာတွေလည်း လုပ်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ယင်းကဲ့သို့ ကြံ့ဖွတ်ပါတီက ဖွဲ့စည်းထားသော ပြည့်မဏ္ဍိုင် ဖောင်ဒေးရှင်းသို့ အတင်းအကျပ် ဝင်ရောက်ခိုင်းမှု၏ နောက်ကွယ်တွင် ရွေးကောက်ပွဲအတွက် မသမာသော နည်းဖြင့် မဲစုဆောင်းခြင်းများ ရှိနိုင်သည်ဟု ပြည်သူတချို့က သုံးသပ်ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article