28 C
Yangon

ဆားလင်းကြီးမြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

Must read

ဆားလင်းကြီးမြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း PDF ထောက်ပို့ ပြည်သူ့တပ်သားအဖွဲ့ တာဝန်ခံ ကိုမင်းမင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော အင်အား ၁၀၀ ကျော်ခန့်ရှိသည့် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဆားလင်းကြီးမြို့ပေါ် ရဲစခန်းမှာ တပ်စွဲအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ခန့်ရှိတဲ့ စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ လက်နက်ကြီးတွေက စခန်းထဲကို ကျရောက်ပေါက်ကွဲပြီး အော်သံ ဆူညံသံတွေလည်း ကြားရတယ်။ စစ်ခွေး ၂ ဦးကတော့ သေဆုံးတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး။ စစ်ခွေးတွေက သေရင်လည်း စခန်းထဲမှာပဲ မြုပ်တယ်။ စခန်းက ကျယ်တော့ အထဲမှာ စစ်ခွေး သင်္ချိုင်း ရှိတယ်။ လက်နက်ကြီးဆိုတော့ ထိရင် သေမှာပဲ ​ပစ်လိုက်တာက ၆၀ မမ အစစ်တွေပါ လက်လုပ်မဟုတ်ပါဘူး။ သိပ်မတက်နိုင်လို့ ငါးလုံးပဲ ပစ်နိုင်ခဲ့တယ်။ စျေးက ကြီးတာကို လက်လုပ်မဟုတ်တော့ လက်လုပ်က ရဲဘော်တွေ ခဏခဏ ထိခိုက်ဒဏ်ရာ ရရနေလို့လေ ကျနော်တို့ ဒီထက်မက တိုက်ခိုက်ချင်တယ်။ စခန်းပါ ဝင်သိမ်းချင်တယ်။ ဝိုင်းဝန်းထောက်ပို့ လှူကြပါလို့ ပြည်သူ့ကာကွယ်ရေးတပ်ကို ပြည့်သူ့အားနဲ့ ပါဝင်ပူးပေါင်းကူညီကြပါလို့ တောင်းဆိုပါရစေ” ဟု PDF ထောက်ပို့ ပြည်သူ့တပ်သားအဖွဲ့ တာဝန်ခံ ကိုမင်းမင်းက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို F.PDF တပ်ဖွဲ့ဦးဆောင်ပြီး ဒေသ ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article