25 C
Yangon

ချောင်းဦးတွင် ခရီးသွား ပြည်သူများကို ဖမ်းဆီး၍ အတင်းအဓမ္မ ငွေညှစ်နေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

ချောင်းဦးတွင် ခရီးသွား ပြည်သူများကို ဖမ်းဆီး၍ အတင်းအဓမ္မ ငွေညှစ်နေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ခရီးသွား ပြည်သူများကို ဖမ်းဆီး၍ အတင်းအဓမ္မ ငွေညှစ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းစစ်သည် ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ် နတ်ရေကန်နှင့် ရေပိုးစားကျေးရွာ အကြားတွင် ခရီးသွားပြည်သူများကို ဖမ်းဆီး၍ ငွေကြေး တောင်းခံနေသည့် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေ တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ကျန်ရှိနေသော စစ်သားများက လမ်းဘေးဝဲယာကို ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“နတ်ရေကန်နဲ့ ရေပိုးစား ကျေးရွာ အကြားမှာ စစ်ခွေး ၁၄ ကောင်က ပြည်သူတွေကို မတရားဖမ်းဆီး ငွေညှစ်နေလို့ ကျန်နော်တို့ သွားရောက် တိုက်ခိုက်ခဲ့တာပါ။ အဲတိုက်ခိုက်မှုမှာတော့ စစ်ခွေး ၃ ကောင်သေတယ်။ တိုက်ခိုက်မှု ဖြစ်ပြီးတော့ စစ်ခွေးတွေကလက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် ကျန်နော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ဒေါင်းစစ်သည် ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article