ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို အဝတ်အထည်နှင့်စားနပ်ရိက္ခာများ လှူဒါန်း
ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ထိုင်းနိုင်ငံအခြေစိုက် ဖစ်ပူရီအင်အားစု အသင်းကြီးတာဝန်ရှိသူများက အဝတ်အထည်နှင့်စားနပ်ရိက္ခာများကို ကွင်းဆင်း လှူဒါန်းခဲ့ကြောင်း သိရသည်။
ဖစ်ပူရီအင်အားစု အသင်းကြီးသည် ထိုင်းနိုင်ငံရောက် မြန်မာတိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထား သော အသင်းကြီးဖြစ်ပြီး မြန်မာပြည်တွင်းကြုံတွေ့ရသော ရေဘေး၊ စစ်ဘေး ဒုက္ခကြုံတွေ့နေရသူ များကို ကူညီပေးနေသည့် အသင်းကြီးဖြစ် ကြောင်း၊ ယခုလှူဒါန်းရာတွင် ဆန်၊ ဆီ ၊ ငါးဘူး ၊ မာမား ခေါက် ဆွဲထုတ်စသည့် စားနပ်ရိက္ခာ တန်ဖိုးသိန်း ၂၁,၁၅၃,၀၀၀ ကျပ် တန်ဖို့းရှိ ပစ္စည်းများ၊ ငွေသား သိန်း ၁၅၀ နှင့်အဝတ်အထည် အထည် ၁၀,၀၀၀ ကျော်တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။