26 C
Yangon

ချောက်မြို့နယ်တွင် စစ်ကားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး၊ ရန်ကုန်-မန္တလေး လမ်းဟောင်းတွင်လည်း ဆက်ကြေး ကောက်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်

Must read

ချောက်မြို့နယ်တွင် စစ်ကားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး၊ ရန်ကုန်-မန္တလေး လမ်းဟောင်းတွင်လည်း ဆက်ကြေး ကောက်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အကြမ်းဖက် စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Chauk Revolution Force – CRF အဖွဲ့ တာဝန်ခံ ကိုကျောင်းသားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့တွင် ချောက်မြို့နယ် ကြည့်မြင်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီး ပျက်စီးပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ ၄ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို CHAUK REVOLUTION FORCE (CRF)/မကွေးခရိုင် ပ.က.ဖ)မကွေးခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (Kyaukpadaung Special Defense) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်၌ ဆက်ကြေး ကောက်နေသာ အကြမ်းဖက်စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြား သည်။

ယနေ့ ဇန်နဝါရီလ ၁၂ ရက် နံနက် ၆ နာရီခန့်က ဝမ်းတွင်းမြို့မရဲစခန်းအတွင်းမှ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ ၅ ဦးသည် ကင်းပတ်လှည့်လည်၍ ရန်ကုန်-မန္တလေးလမ်းဟောင်း လိန်ပင်ရွာထိပ် အနီး၌ ဆက်ကြေးကောက်နေစဉ် အဝေးထိန်းမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုသိရှိနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ဝမ်းတွင်းမြို့ပေါ်ရဲစခန်းကနေလာတာ။ အဲဒီနေရာက ဆက်ကြေးကောက်နေကြ။ အဝေးထိန်းမိုင်းနဲ့ ပဲ တိုက်ခိုက်ခဲ့တာဖြစ်လို့ သူ့တို့ကို သေချာမကြည့်ခဲ့ရဘူး။ ထိခိုက်မှုနဲ့သေဆုံးမှု ကတော့ စုံစမ်းနေဆဲ ပါ။ သူတို့ဘက်ကတော့ သေနတ်တွေပစ်ဖောက်တာရှိတယ်။ ကျနော်တို့ရဲဘော်တွေက မိုင်းခွဲပြီး ပြန် ဆုတ်လာခဲ့တာပါ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန် ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) တပ်ဖွဲ့ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် နီးစပ်သော နေရာ များကို သွားလာခြင်းမပြုကြပါရန် အထူးပင် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article