တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၄ လုံးပျက်စီး
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ် က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ တိုက်လေယာဉ်ဖြင့် နှစ် ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ နံနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင်တွင်လည်း ဗုံးသီး ၃ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်စစ်တပ်၏ လေးကြောင်းထိုက်ခိုက်မှုကြောင့် တကူကျေးရွာနေ အရပ်သား ပြည်သူ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး လုံးဝပျက်စီးသွားသည့် အပြင် အခြား နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
“တစ်ဦးက မျက်စိနားဆိုတော့ စိုးရိမ်ရတယ်။ ကျန်တဲ့နှစ်ဦးက အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ အသက် ၂၀ ကျော်အရွယ်တစ်ယောက်ပါတယ်။ ကျန်တဲ့ နှစ်ယောက်က လူလတ်ပိုင်းတစ်ယောက်၊ လူကြီးပိုင်းတစ်ယောက်ပဲ။ အသက် ၄၀ ကျော်တစ်ယောက်ပါတယ်၊ စစ်ခွေးတွေက ပြည်သူမှန်း၊ က လေးမှန် သိတာမဟုတ်လို့ အထူးဂရုစိုက်ပေးကြပါလို့ မိဘပြည်သူတွေကို တိုက်တွန်းချင်ပါတယ်” ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများနေထိုင်ရာကျေးရွာများကို လေကြောင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်မှု များလုပ်ဆောင်နေသော ကြောင့်ပြည်သူများအနေဖြင့် အထူးဂရုစိုက်နေထိုင်ပေး ကြပါရန် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ က တိုက်တွန်းထားသည်။