Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဇန်နဝါရီ ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-လက်ရှိ ၂၀၂၅ ခုနှစ်အတွင်း စစ်အာဏာရှင်အုပ်စုကို စုစည်းညီညွတ်အားနဲ့ ဖြိုချပစ်ရေး အပြင် ၊ စစ်အာဏာရှင် အုပ်ချုပ်ရေး ယန္တရား နောက်ထပ် တစ်ကြိမ် အခြေမစိုက်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း ကာကွယ်သွားကြဖို့ TNLA ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောဆိုလိုက်ပါတယ်။
မန္တလေးတိုင်း ၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်း ထိုးဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လိုက်လံ တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီ တပ်သာား အယောက် ၂၀ ထက်မနည်းကတော့ အသီးသီး သေကုန်ကြပြန်ပြီး ၊ စစ်ကောင်စီတပ်က ပေါ်တာဆွဲလာတဲ့ပြည်သူ ၁ ဦးကိုပါ တော်လှန်ရေးတပ်တွေက ကယ်တင်နိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ PDF တပ်ရင်း Taungtha Youth အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်က ဘာတိုက်ပွဲမှမရှိတဲ့ ကျောက်မျက် ကုမ္ပဏီဝင်းတွေ အပါအဝင် နေရာ ၃ ခုကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းမှာပဲ တိုက်လေယာဉ်နဲ့ ဗုံးကျဲချပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ အများအပြား ထိခိုက်သေဆုံးမှုတွေ ရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။