23 C
Yangon

စစ်ကိုင်းတွင် စစ်တပ်က ပြည်သူ ၄ ဦးကို ပစ်သတ်ပြီး PDF ဟု သတင်းအမှားဖြန့်ချိ၊ လူနေအိမ် ၂၅ လုံးထက်မနည်းကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ ဦး စစ်တပ်၏ လက်နက်ကြီးထိမှန်သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က ပြည်သူ ၄ ဦးကို ပစ်သတ်ပြီး PDF ဟု သတင်းအမှားဖြန့်ချိ၊ လူနေအိမ် ၂၅ လုံးထက်မနည်းကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၃ နာရီအချိန် စစ်ကိုင်းမြို့နယ်၊ တလိုင်းဆင်ကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်ကိုင်း-မင်းကွန်း လမ်းပေါ်တွင် စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး မိုင်းထောင်သည့် PDF များဟုဆိုကာ သတင်းအမှားများ ဖြန့်ဝေနေကြောင်း၊ အလားတူ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းလမ်း၊ လက်ပံရွာအနီးတွင် ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းနောက် မိုင်းထောင်သူများဟု သတင်းအမှားများ စစ်တပ်လော်ဘီ ချန်နယ်များမှတစ်ဆင့် ဖြန့်ဝေနေကြောင်း သိရှိရသည်။

“တလိုင်းဆင် ရွာက ပြည်သူ ၂ ဦးကို စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ စစ်တပ်က ပစ်သတ်ပြီး PDF လို့ သတင်းအမှားဖြန့်ဝေပါတယ်။ သူတို့နာမည်တွေတော့မသိရသေးဘူး။ ဒါပေမယ့် ပြည်သူတွေပါ။ PDF လည်းမဟုတ်ပါဘူး။ ဒါ့အပြင် လက်ပံရွာအနီးမှာလည်း ပြည်သူ ၂ ဦး အသတ်ခံရတယ်။ အရင်ရက်လည်း လက်ပံရွာက ပြည်သူ တစ်ဦး လည်း လက်နက်ကြီးထိမှန် သေဆုံးပါတယ်။ နောက်ပြီးတော့ လက်ပံရွာမှာရှိတဲ့ လူနေအိမ် ၂၅ လုံးကိုလည်း စစ်တပ်က မီးရှို့သွားပါတယ်။ တလိုင်းဆင်ရွာက မင်းကွန်းမရောက်ခင်က ရွာပါ။ အခုက ရွာတွေမှာ ပြန်မကပ်ရဲဖြစ်နေတယ်” ဟု စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

စစ်ကိုင်းမြို့နယ်တွင် တပ်မ ၃၃ က စစ်ကြောင်းဖြင့် ကင်းလှည့်ခြင်း၊ စစ်ကြောင်းထိုးခြင်း၊ လမ်းများတွင် မိုင်းရှင်းခြင်းနှင့် လုံခြုံရေး ကင်းပုန်းဝပ်ခြင်းများကို တိုးမြှင့် ဆောင်ရွက်လာနေပြီး ယင်းသို့ စစ်ကြောင်းထိုး ကင်းလှည့်ချိန်တွင် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်လာကြောင်း စစ်ကိုင်းကင်းထောက် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

“စစ်ကိုင်းမြို့နယ်ထဲမှာကို စစ်ကြောင်းတွေက မကြာခဏ ထွက်လာပြီး ကင်းလှည့်တာ၊ လမ်းကြောင်းရှင်းတာ၊ မိုင်းရှင်းတာတွေ ပိုလုပ်လာတယ်။ ကင်းပုန်းဝပ်တာတွေလည်း တိုးချဲ့လာတယ်။ ညပိုင်းဆိုရင်တော့ ခရီးသွားရတာ ခက်ခဲတယ်။ ကာဖျူးချိန် ကျော်တဲ့ နံနက်အစောပိုင်းတွေမှာတောင် ပစ်ခတ်ခံရတာတွေရှိပါတယ်” ဟု စစ်ကိုင်းကင်းထောက် စစ်ရေး သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article