23 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီတပ်က အာရက္ခတပ်တော် AA နဲ့ တော်လှန်ရေးတပ်တွေကို ကြောက်လန့်ပြီး ဧရာဝတီတိုင်းက ချောင်းသာနဲ့ ငွေဆောင်မှာ အင်အားတိုးမြှင့်ထားတဲ့အပြင် ၊ လေယာဉ်နဲ့ရော စစ်သင်္ဘောတချို့နဲ့ပါ ကင်းလှည့်နေရုံတင်မက ၊ လမ်းခရီးနဲ့ ဂိတ်တွေမှာပါ လက်ကိုင်ဖုန်းတွေကအစ တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြန်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
  • ကချင်ပြည်နယ်က မံစီမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သား အယောက် ၃၀၀ ကျော်ထဲက နောက်ထပ် စစ်သား အယောက် ၄၀ ကျော်ကို KIA-PDF ပူပေါင်း တပ်တွေက ထပ်မံသုတ်သင်ရှင်းလင်းလိုက်ပြီး ၊ ၄ ရက်အတွင်းမှာတင် ထွက်ပြေးနေတဲ့ စစ်ကောင်စီ တပ်သား စုစုပေါင်း အယောက် ၁၈၀ ကျော်ကတော့ အသီးသီး သေကုန်ကြပြီလို့ KIA ရှေ့တန်းသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • နေပြည်တော် ပျဉ်းမနားမြို့မှာ မူးယစ်ဆေး ရောင်းဝယ်ဖြန့်ဖြူး သုံးစွဲနေတဲ့ ကျော်သိန်း ဆိုသူက လူ ၁ ဦးကို မီးရှို့သတ်ဖြတ်မှုအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတွေက ဖမ်းဆီး အရေးယူမှု မရှိဘူးလို့ အသတ်ခံရသူရဲ့ မိတ်ဆွေတချို့ကပြောပြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article