29 C
Yangon

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Operation Flame သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၆ နာရီ ၂၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့် နယ်မြေရဲစခန်းကို Operation Flame အဖွဲ့မှ မြို့ပြ UG ရဲဘော်များက အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ရဲစခန်းအတွင်း ထိခိုက် ပျက်စီးမှု အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မြို့ပြ UG ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ ရဲခွေး ၂ ကောင် ထိခိုက်မှု ရှိတယ်လို့ သိရပေမယ့် မြေပြင် အတည်ပြု စုံစမ်းနေဆဲပါပဲ” ဟု Operation Flame သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

Operation Flame အဖွဲ့အနေဖြင့် ဆက်လက်ပြီး ရန်ကုန် တော်လှန်ရေး မဟာမိတ်များ အားလုံးနှင့်အတူ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင် ပြန်ကြားရေး တာဝန်ခံက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ – ရန်ကုန်တွင် လုံခြုံရေးယူ စစ်ဆေးမှုများလုပ်နေသည့် အကြမ်းဖက်စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်တွင် လုံခြုံရေးယူ စစ်ဆေးမှုများလုပ်နေသည့် အကြမ်းဖက်စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article