32 C
Yangon

အုတ်တွင်းမြို့၊ သံတိုင်ခင်ရွာအနီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီးနောက် စစ်တပ်က စစ် ကြောင်း ထိုးလာနိုင်၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ သံတိုင်ခင်ရွာအနီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးရန် ပြင်ဆင်နေ၍ ကျေးရွာ ၅ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ခန့်အချိန် အုတ်တွင်းမြို့နယ်၊ သံတိုင်ခင် ကျေးရွာအနီး ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးကို အုတ်တွင်းမြို့နယ် ပကဖ မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၃ ဦး ၊ ရဲ ၂ ဦး နှင့် အုပ်ချုပ်ရေးမှူးတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က နယ်မြေရှင်းလင်းရေး ပြုလုပ်ရန်ဟုဆိုကာ စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းကြောင့် ပြည်သူများ ကြိုတင်တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် သံတိုင်ခင်ရွာအနီးဝန်ကျင်ရှိ တဲကြီးကုန်းရွာ၊ ရှမ်းရွာ၊ ပဲကြီးခုံရွာ၊ ဇီးဖြူသောင်ရွာနှင့် စစ်တောင်မြစ်ဘေးရွာရှိ ကျေးရွာတစ်ချို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ တိမ်းရှောင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေက သံတိုင်ခင်ရွာအနီး တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နယ်မြေရှင်းမယ်ဆိုလို့ ပြည်သူတွေက ကြိုရှောင်နေရတာ စစ်ခွေးတွေက သူတို့ စစ်ကြောင်းထိုးပြီးဆို ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာတွေလည်း လုပ်တော့ ပြည်သူများတွေက ကြောက်လန့်နေတာ ထောင်နှင့်ချီပြီး ကြိုတင်ရှောင်ရှားနေကြတာ” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်း တိုက်ခိုက်မှု အတွင်း သေဆုံးသွားသော စစ်ကောင်စီ တပ်သားများထံမှ MA-3 သေနတ် ၁ လက်၊ MA-11 သေနတ် ၁ လက်၊ G-3 သေနတ် ၂ လက်၊ အူစီ သေနတ် ၁ လက်နှင့်အတူ MA ကျည်ဘောက် ၅ ဘောက်၊ G-3 ကျည်ဘောက် ၄ ဘောက်၊ အူစီကျည်ဘောက် ၁ ဘောက်၊ လက်ပစ်ဗုံး ၁ လုံး နှင့် ဓါးမြှောင် ၂ ချောင်းတို့ကို အုတ်တွင်းမြို့နယ် ပကဖ ရဲဘော်များက သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article