ရန်ကုန်၊ ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဇော်ကြီး က ကျေးရွာ ၂၀ ကျော်တွင် တစ်အိမ်ထောင်လျှင် စစ်မှုထမ်းကြေး လစဉ် ငွေကျပ် ၈၀၀၀၀ အတင်းအဓမ္မ တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း အပတ်စဉ် ၁ စတင်ချိန်မှ စ၍ ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဇော်ကြီး က စတင်ပြီး ကျေးရွာ ၂၀ ကျော်ရှိ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ စတင်ကောက်ခံနေခြင်းဖြစ်ပြီး လက်ရှိချိန်တွင် ငွေကျပ် ၈၀၀၀၀ အထိ တိုးမြှင့် ကောက်ခံလာခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဇော်ကြီးသည် စစ်မှုထမ်းမည့် လူငယ်များမရှိသည့် နေအိမ်များကိုပါ ထောက်ပံ့ကြေးဟု ခေါင်းစဉ်တတ်၍ လစဉ် ငွေကျပ် ၅၀၀၀၀ ထပ်မံ ကောက်ခံနေပြီး အုပ်ချုပ်ရေးမှူး ဇော်ကြီးသည် ကြီးပွားချမ်းသာလာကြောင်း သိရှိရသည်။
အဆိုပါ အုပ်ချုပ်ရေးမှူး ဇော်ကြီးသည်လိပ်ချောင်းကျေးရွာအုပ်စုရှိ လိပ်ချောင်း ၊ ကြက်တူရွေး ၊ ကလော်ကြီး ၊ ကလော်လေး ၊ ကုန်းကြီး ၊ သဲကုန်း ၊ ချောင်းလေး ၊ ရေကျော် ၊ အိုးဘိုကုန်း ၊ သင်္ကန်းတော ၊ ကျားကုန်း ၊ ဒေါနကုန်း ၊ နဘဲကုန် ၊ အောက်ထုံး ၊ ရေကျော် ၊ ပန်းထွေးကုန်း ၊ အိုင်ဇောက်ကုန်း ၊ သုံးမြေဆိုင် ၊ ရွှေဘုံသာ ၊ ဆပ်ပြာအိုင် နှင့် ဒါးကရိုးရွာများရှိ ကျေးရွာများမှ ပြည်သူများထံမှ အတင်းအဓမ္မ လိုက်လံကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
“ဟင်္သာတ လိပ်ချောင်းအုပ်စု အုပ်ချုပ်ရေးမှူး ဇော်ကြီးက တော်တော်ကို လူပါးဝနေတာ တစ်အိမ်ထောင်ကို အသက် ၁၈ နှစ် ကနေ ၃၅ နှစ် အတွင်းရှိတဲ့ နေအိမ်တွေဆို ငွေကျပ် ၈၀၀၀၀ တောင်းတယ်။ ဒီနောက်ပိုင်းမှာ ဇော်ကြီးက ပိုဆိုလားသည် အသက်၃၅ နှစ်အကျော်ရှိနေတဲ့ နေအိမ်တွေကပါ ထောက်ပံ့ကြေးဆိုပြီး ငွေကျပ် ၅၀၀၀၀ ထပ်တောင်းနေတာပါ” ဟု ဒေသပြည်သူများ တစ်ဦးက ပြောဆိုသည်။
အလားတူ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှုး လှသိန်း နှင့် ရာအိမ်မှုး၊ ဆယ်အိမ်မှုးများပူးပေါင်းပြီး ရပ်ကွက်ထဲမှ လူငယ်များ၏ အမည်စာရင်းများကို လိုက်လံ ကောက်ခံ၍ စစ်မှုထမ်းရန် လိုအပ်သည့် အချိန်မရွး လာရောက်ခေါ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
“ဒဂုံမြို့သစ်အရှေ့ပိုင်း အမှတ် ၈ ရပ်ကွက်မှာ အုပ်ချုပ်ရေးမှုး လှသိန်းနဲ့ ရာအိမ်မှုး ဆယ်အိမ်မှုး တွေ ရပ်ကွက်ထဲက ယောက်ကျားလေးအကုန်လုံးကို စစ်မှုထမ်းဖို့ စာရင်းထုတ်ပြီး ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာ ခေါ်မယ်လို့ ခြိမ်းခြောက်တောင်းခံနေပါတယ်။ လတိုင်းလည်း ရပ်ကွက်ထဲမှာရှိတဲ့ အိမ်တွေကနေ ငွေကြေးကောက်ခံနေပြီး စစ်မှုထမ်းဖို့ လူငယ်တွေကိုလည်း အများအပြား လစဥ်လတိုင်း ဖမ်းဆီးပို့ဆောင်နေတယ်။ ရပ်ကွက်ထဲက လူငယ်များစွာလည်း ထွက်ပြေးနေရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – စစ်မှုထမ်းအပတ်စဉ် ၉ အတွက် စုဆောင်းခံထားရသည့်လူငယ်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar