24 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဟာ အမျိုးသားညီညွတ်ရေးအစိုးရသာ ဖြစ်တယ်လို့ အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ်ဆီကို NUG ယာယီသမ္မတက သဝဏ်လွှာပေးပို့ အကြောင်းကြားလိုက်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီက ဖြေရှင်းဖို့ ဆန္ဒမရှိဘဲ လျစ်လျူရှုထားတဲ့ မြန်မာနိုင်ငံက ဆိုက်ဘာ ငွေလိမ်မှု ၊ လူကုန်ကူးမှုနဲ့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေကို NUG နဲ့ KNU အပါအဝင် တော်လှန်ရေး အင်အားစုတွေနဲ့အတူ ပူးပေါင်းတိုက်ဖျက်ဖို့ နိုင်ငံတကာကို ဖိတ်ခေါ်ပါတယ်လို့ KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မန္တလေးမြို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ စည်ပင်တွေက ပြည်ကြီးတံခွန် မြို့နယ် ၊ ငွေကြည်တော်ကုန်း ရပ်ကွက်မှာရှိတဲ့ အိမ်ခြေ ၃၀၀ ကျော်ကို ကျူးကျော်လို့ပြောပြီး ပြောင်းရွှေ့ခိုင်း နေတဲ့အပြင် မပြောင်းရင် ဖျက်ဆီးပစ်မယ်ဆိုပြီးတော့ပါ ခြိမ်းခြောက်နေကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article