32 C
Yangon

အကြမ်းဖက်စစ်တပ်က ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် ဘားအံမြို့နယ်တို့တွင် လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ်များနှင့် စာသင်ကျောင်းပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဘားအံမြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ်များနှင့် စာသင်ကျောင်းပျက်စီးကြောင်း KNU ဗဟိုက သတင်းထုတ်ပြန် သည်။

ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် စစ်တပ်က ကော့ကရိတ် မြို့နယ်၊ ကျိုက်ဒုံမြို့သို့ စစ်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ထိုသို့ လေကြောင်း ပစ်ခတ်မှုကြောင့် ကျိုက်ဒုံမြို့ရှိ မီးသတ်ရုံးအနီး ရော်ဘာခြံအတွင်းသို့ ကျရောက် ပေါက်ကွဲ၍ ရော်ဘာခြစ်ပြီး ပြန်လာသော အမျိုးသမီး ၁ ဦး သေဆုံးကြောင်း၊ သေဆုံးသူမှာ ကျိုက်ဒုံမြို့၊ အမှတ် ၃ ရပ်ကွက်၊ ချောင်းဝပိုင်းတွင် နေထိုင်သော အသက် ၅၁ နှစ်အရွယ် ဒေါ်ဒဝယ်မ (ခေါ်) ဒေါ်ညိုညိုဝင်းဖြစ်ကြောင်း၊ ပြည်သူ့နေအိမ်များလည်း ပျက်စီးကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၁၁ ရက်နေံ နံနက် ၁ နာရီ ၄၀ မိနစ်အချိန် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကြာအင်းဆိပ်ကြီးမြို့ နယ် ၊ ယော့ကဒေါ ကျေးရွာသို့ လာရောက်ဗုံးကြဲပစ်ခတ်ခဲ့ပြီး အဆိုပါ ဗုံးကြဲပစ်ခတ်မှု ကြောင့် ယော့ကဒေါ ကျေးရွာ စာသင် ကျောင်း ထိမှန်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကျဲချမှုကြောင့် ကျုံစိန်ကျေးရွာနေ နော်မအိုစာ၏ ရာဘာ(ခြစ်ပင်) အပင်ရေ ၃၀၀ ခန့် ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

စစ်တပ်က လေကြောင်းဖြင့် သော်လည်းကောင်း၊ မြေပြင်မှ လက်နက်ကြီးများဖြင့် သော်လည်းကောင်း အရပ်သားများနေထိုင်ရာ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲပစ်ခတ်ပြီး လူ့အခွင့်အရေးနှင့် စစ်ရာဇဝတ်မှု ဆိုင်ရာများကိုနေ့စဉ် ကျူးလွန်လျက်ရှိကြောင်း KNU က အသိပေးထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article