30 C
Yangon

မြစ်ကြီးနားလေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ဗန်းမော်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို တော်လှန်ရေးတပ်များက အပြီးသတ် ထိုးစစ်ဆင်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်အတွင်းသို့ KIA ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေတပ်ဝင်းအတွင်းသို့ KIA က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံးသည် လေတပ်ဝင်းအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့သော်လည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“ဟုတ်တယ်။ မြစ်ကြီးနား လေတပ် ကို ငါတို့လက်နက်ကြီးနဲ့ပစ်တာပါ” ဟု KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြစ်ကြီးနားလေတပ်မှာ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မကြာခဏဆိုသလို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်နေသော နေရာတစ်ခုလည်းဖြစ်သည်။

ထို့ပြင် ယနေ့ နံနက် ၆ နာရီမှစတင်၍ KIA က ဗန်းမော်မြို့တွင် ကျန်ရှိနေသော စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်များကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေပြီး တိုက်ပွဲမှာလည်း အလွန်ပြင်းထန်နေကြောင်း သိရှိရသည်။

“ဒီမနက် ဗန်းမော်မှာတိုက်ပွဲ ရက်စက်ပြင်းထန်နေပါတယ်။ KIA နဲ့ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပါတယ်” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

ဗန်းမော်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်တချို့ကမူ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက် နက်ကြီး ပစ်ခတ်မှုများကို အကြီးအကျယ်လုပ်နေပြီး ဒရုန်းများပါ တိုက်ပွဲအတွင်း အသုံးပြုနေကြောင်း၊ စကခ ၂၁ တွင် တိုက်ပွဲ အပြင်းအထန်ဆုံးဖြစ်ပွားနေကြောင်း ပြောဆိုသည်။

ဗန်းမော်မြို့နယ်တစ်ခုလုံးကို အပြီး သတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်နေရာတွင် အဓိက စခန်းကြီး ၂ ခုဖြစ်သော စကခ ၂၁ နှင့် ဗန်းမော် ခလရ ၄၇ တို့သာ ကျန်ရှိတော့သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို အပြီး သတ်တိုက်ခိုက်သိမ်းပိုက်ရန် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၈ ရက်နေ့တွင် မံစီမြို့နယ်တစ်ခုလုံးကို KIA နှင့် တပ်များက သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ဗန်းမော်မြို့မှာမူ ယနေ့အချိန်အထိ ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article