25 C
Yangon

သာယာဝတီခရိုင်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ်များ ထွက်ပြေးခြင်း မရှိစေရန် အရက်၊ မူးယစ်ဆေး ဖဲဝိုင်းများ စီစဉ်ပေးထား

Must read

သာယာဝတီခရိုင်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ်များ ထွက်ပြေးခြင်း မရှိစေရန် အရက်၊ မူးယစ်ဆေး ဖဲဝိုင်းများ စီစဉ်ပေးထား

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ပဲခူးတိုင်း၊ သာယာဝတီခရိုင်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များ ထွက်ပြေးမှု မရှိစေရန်အတွက် အရက်နှင့် မူးယစ်ဆေး သုံးစွဲခွင့် အပြင် လောင်းကစားအဖြစ် ဖဲဝိုင်းများပါ စီစဉ်ခွင့်ပြုပေးထားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီမြို့နယ် ၊ လက်ပံတန်းမြို့နယ် ၊ မင်းလှမြို့နယ် ၊ အုတ်ဖိုမြို့နယ် ၊ မိုးညိုမြို့နယ် ၊ ကြို့ပင်ကောက်မြို့နယ်၊ နတ်တလင်းမြို့နယ် နှင့် ဇီးကုန်းမြို့နယ်တို့ရှိ ကျေးရွာများမှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များ ထွက် ပြေးမှုရှိနေကြောင်း သိရသည်။

ထို့ကြောင့် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ်များကို မြို့နယ်ထွေ/အုပ်ရုံးနှင့် တပ်ရင်းများတွင် ထိန်းသိမ်းထားရှိပြီး အရက်နှင့် မူးယစ်ဆေး သုံးစွဲခွင့်များကို စိတ်ကြိုက် အသုံးပြုခွင့် ပေးထားကြောင်း၊ လောင်းကစားအဖြစ် ဖဲဝိုင်များပါ ခွင့်ပြုပေးထားခြင်းကြောင်း သိရှိရသည်။

“မင်းလှမြို့နယ်နဲ့ အုတ်ဖိုမြို့နယ်တွေက ပေါ်တာဆွဲ ဖမ်းဆီးလာတဲ့ လူငယ်တွေထားတဲ့ ထွေ/အုပ်ရုံးတွေမှာ အရက်နဲ့ မူးယစ်ဆေးသုံးစွဲခွင့်တွေ ပေးထားတယ်။ နောက်ပြီး ဖဲဝိုင်းတွေလည်း လုပ်ခွင့်ပေးတယ်လို့ပြောတယ်။ နောက်ပြီး ကျန်တဲ့ မြို့နယ်တွေလည်း အဲလိုမျိုးတွေ ခွင့်ပြုပေးနေတယ်လို့ သိရတယ်။ စစ်ခွေးတွေ အဓိကကတော့ လူငယ်တွေ ထွက်မပြေးအောင်ဆိုပြီး မြူဆွယ်တဲ့အနေနဲ့ လူငယ်တွေ ပျော်ရွှင်အောင်ဆိုပြီး ခွင့်ပြုပေးထားတာလို့ သိရတယ်။ သူတို့ ပေါ်တာဆွဲ ဖမ်းတာတွေက နေ့တိုင်းလို ဖြစ်နေတော့ သူတို့ဖမ်းထားတဲ့ နေရာတွေကနေ ပြေးတာတွေလည်းရှိလာတယ်။ အဲလိုပြေးသွားရင်လည်း သူတို့ လိုက်မဖမ်းနိုင်တော့တာ အဲတာကြောင့် မြူဆွယ်တဲ့ အနေနဲ့ လုပ်နေတာလို့ သိရတယ်” ဟု ဒေသ သတင်းရင်းမြစ်ကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် သာယာဝတီခရိုင်အတွင်းရှိ ကျေးရွာများကို အလှည့်ကျ နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ်အလိုက် လူပြည့်မီအောင် ဖမ်းဆီးနေကြောင်း၊ စစ်မှုထမ်း တပ် သားသစ်များ အချိန်မီ ပို့ဆောင်နိုင်ခြင်းမရှိသည့် အတွက် ဖမ်းဆီးထားသည့်လူငယ်များကို မြူဆွယ် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်မှုထမ်းသင်တန်းကျောင်းများတွင် မူးရူး ကခုန်နေကြသော စစ်မှုထမ်း တပ်သားသစ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article