27 C
Yangon

နတ်တလင်း၊ ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ရဲ ၂ ဦး ဒဏ်ရာရရှိ၊ မုံရွာ -ချောင်းဦးလမ်းတွင် ကြေးနီသယ်စစ်ယာဉ်တန်းကို မိုင်းဆွဲမှု ကား ၁ စီးပျက်စီး

Must read

နတ်တလင်း၊ ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ရဲ ၂ ဦး ဒဏ်ရာရရှိ၊ မုံရွာ -ချောင်းဦးလမ်းတွင် ကြေးနီသယ်စစ်ယာဉ်တန်းကို မိုင်းဆွဲမှု ကား ၁ စီးပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးဖြင့် ဝင် ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ရဲ ၂ ဦးခြေပြတ်၊ လက်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့က မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က နတ်တလင်းမြို့နယ်အရှေ့ဘက် ဒမငယ်ရွာရှိ ဒမငယ်ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး လက်တစ်ဖက်ပြတ်သွားပြီး ကျန် ရဲ ၁ ဦး ခြေထောက်တစ်ဖက်ပြတ်သွားကာ ထိခိုက်ဒဏ်ရာရရှိများလည်းရှိကြောင်း သိရသည်။

“သေတဲ့သတင်းတော့ မရသေးဘူး။ သူတို့က ဘယ်သူမှ အဝင်မခံပဲ ပိတ်ဆို့ထားတော့ သတင်းက မရ တာ၊ မင်းဂွတ်သီးနဲ့ ဝင်ပစ်ခဲ့တာ၊ ပစ်ခဲ့တာက တစ်လုံးတည်းရယ်၊ ရဲစခန်းထဲမှာ ထိုင်နေတဲ့ ရဲတွေ လေးငါး ခြောက်ယောက်ကြားထဲ သွားကျတာ၊ အဲဒီနေရာမှာပဲ တစ်ယောက်ကတော့ ခြေထောက် ပြတ်တယ်၊ တစ်ယောက်ကတော့ လက်ပြတ်သွားပြီးတော့ ပြည်ဆေးရုံကို တစ်ခါတည်း သယ်သွား တယ်လို့ သိရတယ်၊ သေနိုင်တယ်လို့ လည်းပြောတယ်၊ရဲဘော်တွေအားလုံး အမြန်ဆုံးပြန် ဆုတ်နိုင်ခဲ့ တပါတယ်” ဟု နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ အမှတ် ၁ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၂ Phoenix D F (နတ် တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ရဲဘော်များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး ရဲဘော်များ အထိအခိုက် မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်သား၊ ရဲ၊ ပျူစောထီးများနှင့် အကြမ်းဖက် စစ်ကောင်စီ တိုင်များကို အခါအခွင့်သင့်လျှင် သင့်သလို တိုက်ခိုက်မည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် ထိခိုက်မှုမရှိစေရန်အတွက် စစ်သား၊ ရဲ၊ ပျူစောထီး၊ စစ်ကောင်စီထောက်တိုင်များအနီးသွားလာ လှုပ် ရှားခြင်း မပြုကြရန် အသိပေးတိုက်တွန်းထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပိုင်းတနေရာတွင် ကြေးနီတင် အကြမ်းဖက် စစ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး ပျက်စီးခဲ့ကြောင်း Area 71 PDF Monywa တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက် ၁၀ နာရီ ၅၇ မိနစ်က မုံရွာမြို့မှ ထွက်ခွာလာသော ဝမ်ပေါင် ကုမ္ပဏီမှ ကြေးနီပြားများ သယ်ဆောင်လာသော တွဲကား ၄၆ စီးတန်းနှင့် သံပြားကာ ၈ စီး ပါ ယာဉ် တန်းအနက် သံပြားကာ ကား ၂ စီးနှင့် ကြေးနီသယ် တွဲကား ၄ စီး၏ နောက်ဆုံး ၄ စီး မြောက်ကားကို အထူးပြုလုပ်ထားသော ပြင်းအားမြင့် ပဒေသာ ပေါက်စီမိုင်း လေးလုံး တစ်ပွိုင့်ဖြင့် ထိထိ မိမိဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ မိုင်းထိမှန်သည့် ကားပျက်စီးသွားကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုပြီးနောက် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားများက မိုင်းဆွဲတိုက်ခိုက်ခဲ့ သည့် ရဲဘော်များကို ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် ပျက်စီး သွားသော ကားကို ဘက်စုံခြံထဲ၌ သယ်ဆောင်သွားကြောင်း သိရ သည်။

“ကင်းပုန်းတွေကြားကနေ ခက်ခက်ခဲခဲချဉ်းကပ်ပြီး မိုင်းဆွဲခဲ့တာပါ၊ ပထမ အသုတ်ထဲက ရှေ့ပြေး သံပြားကာ ကား ၂ စီး နဲ့ ကြေးနီသယ်တွဲကား ၄ စီးရဲ့ နောက်ဆုံး ၄ စီးမြောက်ကားကို တိုက်ခိုက်ခဲ့ တာ၊ မိုင်းထိတဲ့ကားကတော့ ဘက်စုံခွေးခြံထဲမှာ ရပ်ထားတယ်၊ ကင်းပုန်းတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တာရှိပေမယ့် ရဲဘော်တွေ ခေတ္တခဏ ခိုအောင်းပြီး အန္တရာယ်ကင်းကင်းနဲ့ ပြန်ဆုတ်နိုင်ခဲ့ပါတယ်၊ စခ အသေအထိအခိုက်တော့ သတင်းမရသေးဘူး” ဟု Area 71 PDF Monywa တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ ဖေါက်ခွဲရေး အဖွဲ့ ၊ Area 71 PDF Monywa ၊ နယ်စည်း မခြား လက်နက်ကြီး တပ်ဖွဲ့နှင့် ကမျဉ်းနီ (K.M.N) အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ကရင်နီတွင် မိုင်းထိမှန်ထားသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article