26 C
Yangon

ကျိုက်ထိုနှင့် သထုံရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရကာ နေအိမ်များ ပျက်စီး

Must read

ကျိုက်ထိုနှင့် သထုံရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရကာ နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန် သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၆၀၂ အမြာက်တပ်ရင်းစခန်းက ငှက်ပျောတော ကျေးရွာ အုပ်စုရှိ ပြည်သူများ နေထိုင်သော ရွာများကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ငှက်ပျောတောအောက်ရွာတွင် ကျရောက်ပေါက်ကွဲဲခဲ့ပြီး လက်နက်ကြီး ကျည်စထိမှန်ကာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိပြီး လူနေအိမ် ၃ လုံးနှင့် ကား ၁ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကြောင့် ငှက်ပျောတောအောက်ရွာတွင် နေထိုင်သည့် ဒေါ်အေးချိုသည် ဝမ်းဗိုက်ကို ကျည်စ ထိမှန်ပြီး အူထွက်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ အသက် ၁၅ နှစ်အရွယ် မယွန်းနဒီဦး ၊ အသက် ၁၅ နှစ် အရွယ် မလဲ့လဲ့ခိုင် နှင့် အသက် ၆၀ နှစ် အရွယ် ဒေါ်ခင်ညွှန့်တို့လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ သုံးခွရွာကို အကြမ်းဖက် စစ်တပ်က Drone ဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ကားဝပ်ရှေ့ာဟောင်း အနီး ၁ လုံး၊ ကားဝပ်ရှော့ဟောင်း ခေါင်မိုးပေါ်သို့ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အမိုးများ ထိခိုက်ပျက်စီးကာ ကျေးရွာနေ ပြည်သူ ၂ ဦးဖြစ်သည့် ဦးစောအယ်စိုး၏ ဦးခေါင်းတွင်လည်း ဗုံးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၉ ခြေမြန်တပ်ရင်းက သထုံမြို့နယ်၊ ထို့ကော်ကျိုးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင့် အသက် ၁၃ နှစ်အရွယ် စောကျော်ထက်ဟိန်း လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article