26 C
Yangon

ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနှင့် ထိုမာရွာရှိ စစ်တပ်ဂိတ်များကို အသေခံ အရုန်း အပါအဝင် ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး ထိခိုက်ဒဏ်ရာရ

Must read

ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနှင့် ထိုမာရွာရှိ စစ်တပ်ဂိတ်များကို အသေခံ အရုန်း အပါအဝင် ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနှင့် ထိုမာရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်များကို အသေခံ အရုန်း အပါအဝင် ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဇင်းဂလင်းကျေးရွာရှိ စစ်တပ် အထိုင်ဂိတ်ကို ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၄ လုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင်လည်း ဇင်းဂလင်းကျေးရွာ စစ်တပ်ဂိတ်နှင့် ထိုမာ GTC ရှိ စစ်တပ် အထိုင်ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ထိုမာ GTC ရှိ စစ်တပ် အထိုင်ဂိတ်၏ စစ်ကောင်စီ တပ်သားများ Drone Gun ပစ်ခတ်သော နေရာကိုလည်း အသေခံ ဒရုန်း ၁ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး ထက်မနည်း ထိခိုက်မှုရှိပြီး သေဆုံးမှုစာရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

လေးမြို့နယ် တောင်ပိုင်း ဇင်းဂလင်းကျေးရွာ ရှိ စစ်တပ် အထိုင်ဂိတ်နှင့် ထိုမာကျေးရွာ GTC (GTU) စစ်တပ် အထိုင်ဂိတ်များသည် ထိုမာကျေးရွာ ၊ သာယာကုန်းကျေးရွာ၊ ထောက်ကြန့် ကျေးရွာများရှိ ပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းကို ဒရုန်း များဖြင့် ဗုံးသီးကျဲချခြင်း ၊လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများ နေ့စဉ်ပြုလုပ်နေခြင်းဖြစ်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကွယ်ရေးအဖွဲ့ (ပကဖ) ရုံး Drone Team Wing of Kalay တပ်ဖွဲ့နှင့် ကလေးမြို့နယ်ပကဖ တိုက်နယ် ၃ တပ်ဖွဲ့ဝင်များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ယုတ်မာရက်စက်မှုများကို အကာအကွယ်များ ပြုလုပ်ကာ သတိရှိရှိဖြင့် နေထိုင်ကြရန် နှိုးဆောင်လိုကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article