20 C
Yangon

ရေတာရှည်၊ အိုးမြေဒူးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

Must read

ရေတာရှည်၊ အိုးမြေဒူးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ၊ အိုးမြေဒူးကျေးရွာ၌ တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များက ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော ရေတာရှည်မြို့ နယ်၊ အိုးမြေဒူးကျေးရွာ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲတိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း ယင်းအကြမ်းဖက်စစ်သားများကို တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၄ ဦးသေဆုံး ကာ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“၄ ယောက်သေပြီး ၉ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်၊ အဲဒါပြီးတော့ နောက်ပိုင်း တိုက်ပွဲမရှိ သေးပါဘူး၊ စစ်ရေးအခြေအနေ ခဏငြိမ်နေတယ်လို့ ပြောလို့ရပါတယ်” ဟု ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို စစ်တောင်းမြစ်ဝှမ်း – ရေတာရှည် ပူးပေါင်း စစ်ဆင်ရေးအဖွဲ့နှင့်အတူ ကီးကူစစ်ကြောင်းမှ ရဲဘော်များကလည်း ပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်များ အထိအ ခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ရေတာရှည်မြို့နယ် ၊စစ်တောင်းမြစ်အရှေ့ခြမ်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့မှ အချိန်မရွေး ဝင်ရောက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လုံ ခြုံရေး အသိ၊ သတိဖြင့် နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ – ကရင်နီတွင် သေဆုံးခဲ့သော စစ်တပ်မှ ဗိုလ်ကြီး ၁ ဦး၏ နာရေး ပြင်ဆင်ထားမှု။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article