25 C
Yangon

မင်းတုန်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံး

Must read

မင်းတုန်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂၅ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ပြီး မင်းတုန်းမြို့နယ် ၊ မြောက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဝင်ရောက် တပ်စွဲထားသော အင်အား ၅၆ ဦးခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပြန်လည် ထွက်ခွာလာပြီး တဇိုတုံကျေးရွာ်နှင့် ဒေါင်းတိုက်ကျေးရွာ အကြား အရောက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၊ အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ၊ သရက်ခရိုင် အမှတ်-၄ တပ်ရင်း တပ်ခွဲ ၂ မှ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ အပြင်းအထန်ခုခံပြီး ဆုတ်ခွာသွားပြီး ငခူအိုးကျေးရွာနှင့် ရွာပုလဲကျေးရွာ အကြား အရောက် နံနက် ၁၀ နာရီခန့်တွင် အသင့်စောင့်ကြိုနေရာယူထားသော သရက်ခရိုင် အမှတ်-၄ တပ်ရင်း တပ်ခွဲ ၁ မှ ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းထိတွေ့ တိုက်ပွဲသည် ၁ နာရီ ၃၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲချိန်အတွင်း ရန်သူစစ်ကောင်စီ စစ်ကြောင်းမှ အထိနာကာ ၂၅ ဦးခန့် သေဆုံးခဲ့ကြောင်း၊ စစ်ကြောင်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်နိုင်ရန် တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်နေချိန် အင်အား ၈၀ ခန့်ဖြင့် အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကူများ ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ ထိုတိုက်ပွဲတွင် တော်လှန်ရေး ရဲဘော် ၁ ဦး လက်နက်ကြီးကျည်စ ထိမှန်ပြီး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“သူတို့ ဝင်လာတည်းက ကျနော်တို့ ဖြတ်တောက် ကြိုးစားတာက အဆင်မပြေလိုက်ဘူး။ အဲတာကြောင့် သူတို့ တပ်စွဲပြီးပြန် အထွက်မှာ ကျနော်တို့ ဖြတ် တောက်နိုင်ခဲ့တယ်။ အဲမှာ ၂ ကြိမ် ဖြတ်တောက်ခဲ့တယ်ပေါ့။ ၂ ကြိမ်မှာဆိုရင် ကျနော်တို့ လက်နက်ခဲယမ်းတွေ ရရှိနိုင်အောင်အထိ ဝင်လုံးဖို့ ကြိုးစားတဲ့ အခါမှာ မင်းတုန်း ၅ မိုင်ဂိတ်နဲ့ကော နောက်ပြီး ပုသိမ်-မုံရွာ လမ်းပိုင်းနဲ့ကော နီးတာနဲ့ သူတို့ စစ်ကူတွေက အမြန်ဆုံး ရောက်လာတဲ့ အတွက်ကြောင့်မို့ ကျနော်တို့ ဆုတ်ခွာခဲ့ရတယ်ပေါ့။ ကျနော်တို့ အနေနဲ့ တဖြေးဖြးနဲ့ ပုသိမ်-မုံရွာ လမ်းပိုင်းထိ တိုးကပ်ပြီးတော့ တိုက်ပွဲကို ဖော်ဆောင်လာနိုင်တယ်။ ကျနော်တို့ ဒီစစ်ကြောင်းကို အမြစ်ပြတ် မချေမှုန်း လိုက်နိုင်ပေမယ့် စစ်ကြောင်းတစ်ခုလုံးလန်သွားအောင် လုပ်နိုင်ခဲ့ပါတယ်” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article