25 C
Yangon

တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ရှိ စစ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ရှိ စစ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း Myingyan District Army-3 (MDA-3) မှ တာဝန်ခံ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ရက်န့ မွန်းလွဲ ၂ နာရီခန့်တွင် တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ် စခန်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျုစောထီး အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသော စစ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စခန်း သည် ဘန်ကာ အခိုင်အမာများ၊ ဆက်သွယ်ရေး တူးမြောင်းများဖြင့် ခိုင်မာစွာ ဆောက်လုပ်ထားပြီး၊ ရဲဘော်များနှင့် အချိန် ၂ နာရီခန့် အကြာ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှလည်း Mi-35 ၂ စီး ၊ ဂျက်ဖိုက်တာ ၁ စီးတို့ဖြင့် လာရောက် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်နှင့် ပျုစောထီးများ ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု များပြားပြီး ရဲတပ်သား ၃ ဦးဖြစ်သည့် မှတ်ကြီး ၊ စိုးကြီး နှင့် ဝေဖြိုး တို့ သေဆုံးခဲ့ကြောင်း သိရသည်။

“ဖက်ဆစ်စနစ် အမြစ်ဖြတ်ဖို့ ကိုယ့်မြို့နယ်ဆိုင်ရာ သူတွေ တာဝန်ကြေ အမြန် အဆုံးသတ်ဖို့ ဆက်လက် ကြိုးစားတိုက်ပွဲဝင်နေကြပါတယ်” ဟု Myingyan District Army-3 (MDA-3) တာဝန်ခံ တပ်ရင်းမှူးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်ခြံခရိုင် အမှတ် ၃ တပ်ရင်းနှင့် တောင်သာ ပကဖ တို့ ပေါင်းစည်း တိုက်က်ခိုက်ခဲ့ပြီး မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ Drone Team မှ ဦးဆောင်ကာ နေပြည်‌တော် 801 တပ်ရင်း နှင့် မိုးမခ အဖွဲ့ တို့ကလည်း Drone ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article